ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ  ၂၃


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်     ဒေသ တွင်း  စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ       ဖြစ်စေရန် အတွက်         တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ      အစိုးရ၊ တပ်မတော်နှင့်         ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြား    လူသုံးကုန်လုပ်ငန်းများ  ကုန်ထုတ်လုပ်မှု   ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး   ဆောင်ရွက် လျက်ရှိရာ  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက  အဆိုပါနေရာများသို့ သွားရောက်      ကြည့်ရှုကြပြီး လိုအပ်သည်များ           ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။


ပေါင်းစပ်ညှိနှိုင်း


ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ်       အောင်အောင်နှင့် တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး       အိမ်မဲမြို့ နယ်မြေခံတပ်ရင်းရှိ    စိုက်ပျိုး မွေးမြူရေး      လုပ်ငန်းများအား သွားရောက်ကြည့်ရှု၍(အောက်ပုံ) တာဝန်ရှိသူများနှင့်   တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု    လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့်  လိုအပ်သည်များ          ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း      သတင်းရရှိသည်။                    
                           

သတင်းစဉ်