
နေပြည်တော် စက်တင်ဘာ ၁၈
တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းသည် မိုင်းတုံတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့ များ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို(အောက်ပုံ) လည်း ကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများ သည် တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံရှိ ဥစားကြက်သားပေါက်များ မီးကိုင် ထားရှိမှု၊ ဥစားကြက်နှင့် အသား တိုး ကြက်မွေးမြူရေးခြံ၊ DYL ဝက် မွေးမြူရေးခြံ၊ နို့စားနွားနှင့် ဒေသနွားမွေးမြူရေးခြံ၊ ဒေသ ကြက် မွေးမြူရေးခြံများတွင် မွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် မွေးမြူရေးအစာစပ် စက်ရုံမှ မွေးမြူရေးအစာ ထုတ်လုပ်နေမှု၊ တစ်သျှူးငှက်ပျော စိုက်ပျိုးထားရှိမှုနှင့် ရာသီသီးနှံ စိုက်ခင်းများတို့ကိုလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး နှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်