
နေပြည်တော် မတ် ၅
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံ ရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် ယနေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ နယ်မြေခံတပ်ရင်းများတွင် မွေးမြူထားရှိသည့် ဥစားကြက်မွေးမြူရေးခြံ၊ အသားတိုးကြက်ခြံနှင့် DYL ဝက်မွေးမြူရေးခြံ၊ ဒေသနွားမွေးမြူရေးခြံနှင့် ဆောင်းသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေ များကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်