ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပွားလာနိုင်သည့်ရောဂါများ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် ဇူလိုင် ၃၀


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သဘာဝဘေး အန္တရာယ်များကြောင့်   ဖြစ်ပွားလာနိုင်သည့်  ရောဂါ များ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်  ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန နေပြည်တော်၌ ဗီဒီယို ကွန်ဖရင့်  စနစ်ဖြင့်  ကျင်းပသည်။

 


အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းပေး


အစည်းအဝေးတွင်      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုကာလတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများအပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ပြည်သူများ ယာယီစခန်းများသို့ ခေတ္တရွှေ့ပြောင်းနေထိုင်ကြရာတွင်   ကိုဗစ်-၁၉ ရောဂါကူးစက်  ပြန့်ပွားမှုများ မဖြစ်ပွားစေရေးနှင့် အခြားသော  ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး အတွက် လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာ ဒေသများတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ၊ လက်သန့်ဆေးရည် (Hand Sanitizer Gel) များ အလုံအလောက်  မြန်မြန်ဆန်ဆန်  ဝေငှသွားရမည် ဖြစ်ကြောင်း၊  ယာယီစခန်းများတွင်  ကျန်းမာရေး အသိပညာပေးခြင်းများအပြင် လက်ဆေးရန်နေရာ များ    ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊  ရေသန့်စင် ဆေးပြားနှင့်   ဆေးမှုန့်များ၊   ဝမ်းပျက်ဝမ်းလျှော ရောဂါတွင် အသုံးပြုသည့်ဆေးဝါးများနှင့် ဓာတ်ဆား ထုပ်များ၊   မြွေဆိပ်ဖြေဆေးနှင့်  ဆေးဝါးများကို   ကြိုတင်ပြင်ဆင်ထားရှိမှုများ      သေချာစေရန် ဆောင်ရွက်ပြီး     ထပ်မံလိုအပ်ချက်ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ  စီစဉ်ထားရှိရမည်ဖြစ်ကြောင်း၊ 
ယခုဒေသများသည် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကျဒေသများ   ဖြစ်သည့်အလျောက် မိမိတိုဒေသများတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ၊ ရုံးလုပ်ငန်း သုံးပစ္စည်းများ    မပျက်စီးစေရန်   ကြိုတင်စီမံ ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာ များ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု   လုပ်ငန်းများကို  အမျိုးသားရေးအသွင်ဖြင့် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အခါ   ကိုဗစ်-၁၉ ကာကွယ်ဆေးများ အသုတ်လိုက် ထပ်မံရောက်ရှိလျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ် များတွင်   သတ်မှတ်အုပ်စုများအား  ကိုဗစ်-၁၉    ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း၊   ထိုသို့ ထိုးနှံရာတွင်     လုပ်ငန်းလမ်းညွှန်များနှင့်အညီ စနစ်တကျဆောင်ရွက်ရန်နှင့်  စာရင်းဇယားများ သေချာစွာပြုလုပ်ထားရှိရန်    အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်  အောက်ဆီဂျင်ထုတ်သည့်စက် (Oxygen Plant) များ   ထပ်မံတည်ဆောက်ခြင်း၊ အောက်ဆီဂျင်များ ဝယ်ယူဖြန့်ဖြူးခြင်းတို့ကို တိုင်း ဒေသကြီး၊  ပြည်နယ်နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီများ၏  ပံ့ပိုးမှုဖြင့်  ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉  လူနာများအတွက်   အောက်ဆီဂျင်များ   ပိုမိုပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကုသရေး ဌာနများလည်း  ထပ်မံတိုးချဲ့လျက်ရှိပြီး   ကုသရေး ဌာနများရှိလူနာများ ဆေးရုံသို့မလွှဲပြောင်းမီအချိန်တွင်  ဆေးရုံ၌ကုသ  သကဲ့သို့ ကုသမှုရရှိစေရန် ဆေးဝါးနှင့်ဆေးပစ္စည်းများလည်း ထပ်မံဖြည့်ဆည်း ပေးထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် များအနေဖြင့်   လုပ်ငန်းလိုအပ်ချက်များကို  တင်ပြ တောင်းခံရန်နှင့်  ဝန်ကြီးဌာနအနေဖြင့်အချိန်နှင့် တစ်ပြေးညီ     ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောကြားသည်။

 


သတ်မှတ်အုပ်စုများအားလုံး
ထိုးနှံကြရမည်


ထို့နောက်    ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ    ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ မြတ်ဝဏ္ဏစိုးက  ဗဟိုမှပေးပို့လာသော   ကိုဗစ်-၁၉ ကာကွယ်ဆေးများကို    မိမိတို့၏  ကာကွယ်ဆေး သိုလှောင်ရုံ  အအေးလမ်းကြောင်းမျာတွင်   ထား သိုခြင်းနှင့် မြို့နယ်များသို့ ထပ်ဆင့်ဖြန့်ဝေပေးခြင်း တို့အပြင် ကာကွယ်ဆေးများကို အအေးလမ်းကြောင်း မပြတ်ဘဲ   ပိုမိုထားသိုနိုင်ရန်အတွက်  တပ်မတော် ဆေးရုံများရှိ Cold Chain System များနှင့် ချိတ်ဆက် ၍  ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊   ကိုဗစ်-၁၉ ကာကွယ်ဆေး    ထိုးနှံရာတွင်  အသက် (၆၅) နှစ် အထက်များသာမက သတ်မှတ်အုပ်စုများအားလုံးကို ထိုးနှံကြရမည်ဖြစ်ပါကြောင်း၊   တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု အဖွဲ့များဖွဲ့စည်းထားရှိရာတွင်  စေတနာ့ဝန်ထမ်း များ ထပ်မံလိုအပ်ပါက သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးစီးလမ်းညွှန် ပံ့ပိုးမှုဖြင့် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍  ကရင်ပြည်နယ်၊  မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက  သက်ဆိုင်ရာ တိုင်းဒေသကြီး၊  ပြည်နယ်များတွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များ  ဖြစ်ပွားမှု၊     ယာယီစခန်းများတွင် ကျန်းမာရေးစောင့်ရှောက် ပေးနေမှု၊  ကူးစက်ရောဂါ များ ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်မှု လုပ်ငန်းများ   ဆောင်ရွက်နေမှု၊ ရောဂါစောင့်ကြပ် ကြည့်ရှုမှု စနစ်ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး၊    ပြည်နယ်အလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေးများရရှိမှု၊  ထားသိုမှုနှင့် ဖြန့်ဖြူးမှု၊ ကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့်    ဆက်လက် ဆောင်ရွက်မည့်     လုပ်ငန်းများကိုလည်းကောင်း ကိုဗစ်-၁၉ လူနာများအတွက်    အောက်ဆီဂျင်များ ပိုမိုရရှိစေရေး  ဆောင်ရွက်နေမှုလုပ်ငန်းများ ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်နေမှုတို့ကို လည်းကောင်း တင်ပြခဲ့သည်။

 


လိုအပ်သည်များမှာကြား


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်)နှင့် တာဝန်ရှိသူများက   လိုအပ်သည်များ     မှာကြား ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်