ကိုဗစ်-၁၉ ရောဂါ လူနာများကို ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၂၈


ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ်  နယ်မြေအသီးသီးရှိ  တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ အစည်းများ၊  တာဝန်သိပြည်သူများနှင့်  ပူးပေါင်း၍ လည်း    သက်ဆိုင်ရာမြို့နယ်များ၌    Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ 
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၅၅ ဦးနှင့်   အမျိုးသမီး ၃၅ ဦး  စုစုပေါင်း ၉၀ ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့်    တည်းခိုရေးစခန်း၌   ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၂ ဦးနှင့် အမျိုး သမီး ရှစ်ဦး စုစုပေါင်း ၂၀ ကိုလည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း  သိရသည်။
အဆိုပါ   စောင့်ကြည့်လူနာများနှင့်   ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေး ကုသရေးအဖွဲ့များနှင့်   တာဝန်ရှိသူများက  ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်