ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၂၂၆ /၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း     ၅    ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ    ၁၂    ရက်)


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ 
ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း


အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက  လေးကြိမ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါသည်။  ကိုဗစ်-၁၉   ရောဂါကူးစက်မှုကို  ဆက်လက်ထိန်းချုပ်ပြီး  ပုံမှန်အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၂  ရက်နေ့အထိအား   တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ် စာတမ်းများအက်ဥပဒေ ပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ် ကြေညာ လိုက်သည်။  

    အမိန့်အရ
အောင်လင်းဒွေး
  ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး