ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)အား ၉-၈-၂၀၂၁ ရက်နေ့မှ ၁၅-၈-၂၀၂၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
Coronavirus Disease 2019 (COVID-19)               ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက် 
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်) 


လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တား ထိန်းချုပ်ရန်လိုအပ်သည့်အတွက် အခြေခံ ပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအပါအဝင်)အား ၉-၈-၂၀၂၁ ရက်နေ့မှ ၁၅-၈-၂၀၂၁ ရက်နေ့အထိ ရက်သတ္တ(၁)ပတ် ဆက်လက်၍ ယာယီပိတ်ထားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။