ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းလျော့ကျလာသည့် မြို့နယ်အချို့ရှိ ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

နေပြည်တော်    နိုဝင်ဘာ    ၃၀


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှု၊ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်း နှင့် ပိုးတွေ့ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီးနှင့်      ပြည်နယ်အသီးသီးရှိ မြို့နယ် ၄၆ မြို့နယ်မှအပ  ကျန်မြို့နယ်များ အားလုံးမှ  အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင်) အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက်    နိုဝင်ဘာ ၁ ရက်တွင်  တည်ငြိမ် အေးချမ်းစွာ  တစ်ပြိုင်တည်း  ပြန်လည်ဖွင့်လှစ်  သင်ကြားပေး လျက်ရှိသည်။


အဆိုပါ   ကိုဗစ်- ၁၉ ရောဂါ   ဖြစ်ပွားမှုနှုန်း မြင့်မားသော        မြို့နယ် ၄၆ မြို့နယ်အနက်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ        ဟိုပုံးမြို့နယ်၊ ရပ်စောက်မြို့နယ်၊  ပင်လောင်းမြို့နယ်၊   လဲချား မြို့နယ်၊ နမ့်စန်မြို့နယ်၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့နယ်၊  နောင်ချိုမြို့နယ်၊  ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊  မဘိမ်းမြို့နယ်၊  သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊     ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်၊    မိုင်းယောင်းမြို့နယ်တို့သည်  ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း သတ်မှတ်ရာခိုင်နှုန်း အောက်သို့ ရောက်ရှိလာသည့်အတွက်  ယင်းမြို့နယ် များရှိ  အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါ အဝင်)အား  ယနေ့မှစ၍       ပြန်လည်ဖွင့်လှစ်လျက်ရှိ ကြောင်းနှင့်   ကျောင်းသား  ကျောင်းသူများအနေဖြင့် စိတ်ချမ်းမြေ့စွာ  ပညာသင်ကြားလျက်ရှိကြောင်း 
သိရသည်။                                      

     သတင်းစဉ်