ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများမှာ တည်ငြိမ်စပြုနေပြီဖြစ်ပြီး ပိုးတွေ့ရှိသူအရေအတွက်မှာလည်း ကျဆင်းလာပြီဖြစ်

နေပြည်တော်   အောက်တိုဘာ   ၁၄


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  ကျန်းမာရေးဝန်ကြီးဌာန    အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 


အစည်းအဝေးတွင်     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ရှိတွင် တစ်နိုင်ငံလုံး အနေဖြင့်   ကိုဗစ်-၁၉  ရောဂါ  ဖြစ်ပွားမှုများမှာ တည်ငြိမ်စပြုနေပြီဖြစ်ပြီး ပိုးတွေ့ရှိသူအရေအတွက် မှာလည်း ကျဆင်းလာပြီဖြစ်ကြောင်း၊  သို့ရာတွင် အချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် ပိုးတွေ့ရှိမှု နှုန်းနှင့် ပိုးတွေ့ရှိသူအရေအတွက် များပြားလျက်ရှိနေ သည့်အတွက်  တစ်နိုင်ငံလုံးတွင်   ပိုးတွေ့ရှိမှုနှုန်း အနေဖြင့် ၇  ဒသမ  ၈   ရာခိုင်နှုန်းမှ  ၇ ဒသမ ၉ ရာခိုင်နှုန်း ခန့်တွင် တန်းလျက်ရှိနေကြောင်း။ 

ဒေသအလိုက် ဆန်းစစ်သုံးသပ်


မန္တလေးတိုင်းဒေသကြီး၊     ရှမ်းပြည်နယ် (တောင်ပိုင်း)၊       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင်   ပိုးတွေ့လူနာနှင့် ပိုးတွေ့ရှိမှုနှုန်း များပြားလျက်ရှိနေသည်ကို တွေ့ရှိရ ကြောင်း၊ အဆိုပါ   တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ရောဂါဖြစ်ပွားမှု   အခြေအနေများကို ဒေသ အလိုက် ဆန်းစစ်သုံးသပ်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း များကို  အရှိန်အဟုန်မြှင့်တင်   ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ     တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဗဟိုမှပံ့ပိုး ပေးနိုင်မည့်  လုပ်ငန်းများနှင့်ပတ်သက်၍  ညှိနှိုင်း ဆွေးနွေးကြရန် ဖြစ်ကြောင်း။ 
ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ  ဆောင်ရွက် ရာတွင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ် လျက်ရှိသည့်   နယ်စပ်ဝင်ပေါက်များရှိရာ   တိုင်း ဒေသကြီး/ပြည်နယ်များအနေဖြင့်  အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊      နယ်စပ်ဒေသ ကုန်သွယ်ရေး    အမြန်ဆုံး   ပြန်လည်စတင်နိုင်ရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်စပ် လျက်ရှိသည့် နယ်စပ်ဒေသများတွင် ကာကွယ်ဆေး အကြိမ်ရေ တစ်သန်းခန့်ကိုလည်း စတင်ထိုးနှံလျက်ရှိ ကြောင်း၊ အလားတူ အခြားနယ်စပ်ဒေသများတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အနေဖြင့်လည်း ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း။ 


ရောဂါဖြစ်ပွားမှု      များပြားလျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကာကွယ်ဆေး ထိုးနှံခြင်းကို   ကျေးရွာများအထိရောက်ရှိစေရေး အထူးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊    လက်ရှိဆောင်ရွက်နေသည့်  ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို    ဆောင်ရွက်သည့် လုပ်ငန်းစဉ်အလိုက် ပြန်လည်သုံးသပ်၍  လိုအပ်သလို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရောဂါပိုးတွေ့ရှိမှုများနှင့်    ထိတွေ့ခဲ့သူများအား ရှာဖွေ၍   သီးသန့်ခွဲခြားနေထိုင်ရေး  ဆောင်ရွက်သည့် လုပ်ငန်းများ၊ ဓာတ်ခွဲစစ်ဆေးသည့်  လုပ်ငန်းများ စသည့်  လုပ်ငန်းများ၏ အားနည်းချက်များကို ရှာဖွေဖြည့်ဆည်း၍  အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း။

နယ်စပ်ဒေသဝင်ထွက်ဂိတ်များတွင် ရောဂါပိုး အတည်ပြုလူနာ တွေ့ရှိမှုများမှ ဓာတ်ခွဲနမူနာများ ရယူ၍      ဆေးသုတေသနဦးစီးဌာနသို့ပေးပို့ပြီး ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲသော ရောဂါပိုးများ ဝင်ရောက်လာမှုအခြေအနေကို စစ်ဆေးရမည်ဖြစ် ကြောင်း။


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်


မိမိတို့   တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာအလိုက် ပိုးတွေ့ရှိ သူနှင့်  ပိုးတွေ့ရှိနှုန်း    များပြားရာဒေသများတွင် ကူးစက်မှုရင်းမြစ်နှင့်  ကူးစက်ရသော အကြောင်း အရင်းများကို ရှာဖွေကာ ၎င်းကိုဦးတည်၍ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အထူးအားဖြည့် ဆောင်ရွက်ရာတွင် နှီးနွှယ်ဌာနဆိုင်ရာများနှင့်လည်း လိုအပ်သလို   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ရမည် ဖြစ်ကြောင်း။


မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊     ရောဂါထိန်းချုပ်ခြင်း၊ ထိတွေ့လူနာများအား   ရှာဖွေဖော်ထုတ်ခြင်းနှင့် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ  စသည့် ကူးစက်ရောဂါ    ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ နိယာမနှင့်  လုပ်ထုံးလုပ်နည်းများကို သေချာစွာ ရှင်းလင်းအသိပေးထားရမည်ဖြစ်ပြီး ၎င်းတို့အတိုင်း တိကျစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက် ဖြစ်ပွားမှု ပိုမိုလျော့ကျလာမှသာ နေအိမ်တွင် နေထိုင် ရေးအစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များအား ဖြေလျှော့ပေးခြင်း၊  ကုန်စည်ကူးသန်းရေးလုပ်ငန်း များ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေး၊ ပညာရေး လုပ်ငန်းများ    ပုံမှန်အတိုင်း  ပြန်လည်လည်ပတ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။ 


ဗဟိုသို့ ဆက်လက်တင်ပြ


မိမိတို့ဒေသအလိုက် အဆင့်ဆင့် လုပ်ငန်းလိုအပ် ချက်များနှင့်   တင်ပြချက်များကိုသိရှိပြီး  မိမိတို့ အနေဖြင့်    ဆောင်ရွက်နိုင်ခြင်းမရှိပါက  ဗဟိုသို့ ဆက်လက်တင်ပြရမည်ဖြစ်ပြီး ဗဟိုမှလည်း အထူး အလေးထား၍   သက်ဆိုင်ရာ  နှီးနွှယ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြား သည်။ 
အစည်းအဝေးသို့   ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေး မှူးချုပ်(ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊  (မြောက်ပိုင်း)နှင့်  (အရှေ့ပိုင်း) ပြည်သူ့ ကျန်းမာရေးနှင့်   ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ  တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                    

    သတင်းစဉ်