ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

နေပြည်တော်   ဩဂုတ်   ၁၇


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကုမ္ပဏီ  ၆၃ ခုမှ Cardinex -40 Injection ၁၁၅၂၀၊ Cardinex- 60 Injection ၁၉၂၀၀၊ Cell  Wash Solution ၂၄၅ ခု၊ M Noxa-60 Injection ၁၇၅၀၀၊ M Noxa-40  Injection ၁၂၅၀၀၊ Vitagen – Zinc 50 mg ၅၄၀၀၊  Vitamin – C 500 mg  ၆၉၉ ခု၊ Vitamin- C, D3 & Zinc Tablets ၁၀၀၀၊ HFNC (High Flow Nasal Cannula Machine လေးခု၊ Disposable Virus Specimen Collection  Tube  ၅၀၀၀၊ Disposable Wire Breathing Circuit ၂၀၊ Disposable Water Chamber ဆယ်ခု၊  Face Shield ၃၀၀၀၀၊  Flow Meter ၃၈၂၀၊   Gloves ၁၀၀၀၊ Oximeter ၅၅၃၅ ခု၊  Oxygen Analyzer ၂၁ ခု၊   Oxygen Concentrator ၁၃၇၇ ခု၊ Oxygen Mask ၄၀၄၀ ခု၊  Oxygen Regulator ၁၀၀၀၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ ၄၃၂၈ ခု၊     Oxygen Concentrator Spare Parts ၅၇ ခု၊ Surgical Mask ၂၅၀၀၀၊ Spirometer ၁၀၀၈ ခု၊ Spray Gun ၂၀၀၊ Virus Shut Out Sterilization Card  ၁၀၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသဆေးနှင့် အခြားဆေးမျိုးစုံ  ၆၉၀၃၃ ဒသမ ၁၅ ကီလိုဂရမ်၊ Freeze Free  Vaccine  Carrier ၁၅၅၀၀၊ Oxygen Production equipment တစ်ခု၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ ကော့သောင်း၊ မြဝတီ)တွင် ကုမ္ပဏီ ၆၃ ခုမှ  Oxygen Cylinder  ၅၉၃၈ ခု၊     Oxygen Concentrator၂၄၇၈ ခု၊ Mask ၄၃၄၅၃  ခု၊ အောက်ဆီဂျင်အရည် ၁၄၈၈၅ ဒသမ ၄၄   ကုဗမီတာ၊ အောက်ဆီဂျင်အရည်   ၃၉ ဒသမ ၃၃ တန်၊ Flow Meter ၂၇၄၂ ခု၊  တစ်ကိုယ်‌ရေ ကာကွယ်ရေးဝတ်စုံ  ၂၆၇၇၀၊ အောက်ဆီဂျင်စက် နှစ်ခု၊ Oxygen Mask ၁၆၈၀၀၊ Sodium Chloride Injection ၃၂၀၀၀ ကီလိုဂရမ်၊ Disposable Cap ၃၅၀၀ kg၊ Regulator  ၁၅၂၀၊ Oxygen Storage Container လေးခု၊  Radiator for O2  Container ၁၀၀၀ ကီလိုဂရမ်၊ Vitamin B1 Tablet ၅၂၄၈၀၊ Vitamin - C Tablet ၂၀၀၀၊ Oximeter ၁၂၀၊ Patient Bed ၈၀၊ အောက်ဆီဂျင်ပိုက် ၁၃၀၊   Trolley ၄၂၇ ခုတို့ကိုထုတ်ပေးခဲ့ ကြောင်း သိရသည်။    

                                       
သတင်းစဉ်