
နေပြည်တော် အောက်တိုဘာ ၁၈
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ပစ္စည်း များအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ အောက်တိုဘာ ၁၈ ရက်၌ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ငါးခုမှ Caedivas Tablet အခု ၃၅၁၀၊ Pantocid Tablet ၁၄၄၁၈ ခု၊ Vitamin-c Tablet ၄၉၈၅ ခု၊ Aetemra (Tocilizumab 20mg) Solution For Infusion သုံးခု၊ Favilok Tablet အခု ၂၀၀၀၊ Pluse Oximeter အခု ၅၀၀၀၊ ရန်ကုန် ဆိပ်ကမ်းများမှ Oxygen Mask အခု ၅၀၀၀၊ Oxygen Cylinder အခု ၃၂၀၊ Oxygen Regu-lators အခု ၂၃၀၊ Nasal Cannula အခု ၆၂၀၀၊ Oxygen Plant တစ်ခု၊ ဆေးဝါးမျိုးစုံ ၂၇မျိုး ၈၄၅၉၁.၇၁ KG၊ နယ်စပ် (မူဆယ်၊ ချင်းရွှေ ဟော်) တွင် ကုမ္ပဏီ လေးခုတို့မှ Mask ၃၆၉၉၅ KG၊ Flow Meter/ Regulator အခု ၂၅၀၊ PPE အခု ၃၀၀၊ Infusion အခု ၇၀၈၀၊ Syringe ၂၃၉၇၂ ခု၊ Medical Adhesive Tape အခု ၃၆၀၈၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်