
နေပြည်တော် ဖေဖော်ဝါရီ ၁၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၁ ရက်နေ့၌ ရန်ကုန်ဆိပ်ကမ်းများမှ Catheter With Injection Ports & Wings အခု ၅၇၀၀၊ Folwy Ballon Catheter အခု ၂၀၀၀၊ Nasal Oxygen Cannula အခု ၁၈၈၀၀၊ ဆေးဝါးမျိုးစုံ ၃၇ မျိုး စုစုပေါင်း ၁၉၃၅၂၀ ဒသမ ၁၇ KG၊ နယ်စပ်(လွယ်ဂျယ်)တွင် ကုမ္ပဏီ ၁၁ ခုမှ Disposable Face Mask ၈၄၇၀၀Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊
သတင်းစဉ်