
နေပြည်တော် ဇူလိုင် ၂၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေး နှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ဖြည့်တင်း နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် အတွင်း လိုအပ်ချက်မြင့်မားနေချိန်တွင် ပြည်တွင်း တွင် ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်မှု မြှင့်တင် ရေး၊ ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ဖြည့်တင်း နိုင်ရေးတို့ကို အဓိကဆွေးနွေးခဲ့ကြပြီး၊ ထုတ်လုပ် သည့် လုပ်ငန်းရှင်များ၏ ကုန်ကြမ်းရရှိနိုင်မှု၊ ကုန်ကြမ်းများ ပြည်ပမှတင်သွင်းရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို ဖြေလျှော့ပေးနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှုစွမ်းအား မြှင့်တင်ပြီး ဈေးကွက် အတွင်း အဓိကလိုအပ်လျက်ရှိသော ဆေးဝါးနှင့် ဆေးပစ္စည်းများ အရေးပေါ် ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး၊ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးနှင့် မူဝါဒဆိုင်ရာ အခက်အခဲများ ပူးပေါင်းညှိနှိုင်းဆောင် ရွက်သွားနိုင်ရေးတို့ကို အသေးစိတ် ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊
ဌာနဆိုင်ရာများနှင့် UMFCCI တို့မှ တာဝန်ရှိသူများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်