ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့

 

ပဲခူး   စက်တင်ဘာ   ၂၅


ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းသည် တိုင်းဒေသ ကြီး ဝန်ကြီးများနှင့်အတူ ယမန် နေ့   ညနေပိုင်းက  ပဲခူးမြို့   ဗုဒ္ဓ  အသံ သာသနာ့ဗိမာန်၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင် ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းများနှင့်   စေတနာ့ ဝန်ထမ်းများကို ဆန်နှင့် အခြေခံ စားသောက်ကုန်များ     ထောက်ပံ့ ပေးအပ်ခဲ့သည်။


သေဆုံးမှုနှုန်းလျော့ကျ


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ရောက်ရှိလာသည် နှင့် မြန်မြန်ဖြန့် မြန်မြန်ထိုးစနစ် ဖြင့် ကြိုးစားဆောင်ရွက်ခဲ့သည့် အပြင်    ကိုဗစ်ရောဂါစစ်ဆေးမှု တွင်လည်း    များစွာစစ်ဆေးပြီး ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခု အခါ ရောဂါကူးစက်မှုသည် တိုင်း ဒေသကြီးအတွင်း  ၃ ရာခိုင်နှုန်းနှင့်  ၄    ရာခိုင်နှုန်းခန့်သာ   ရှိတော့ ကြောင်း၊ အဓိကအားဖြင့် ကျန်းမာ ရေးဝန်ထမ်းများ၏  ကြိုးစားမှု ကြောင့်   တိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများ အလွန်လျော့ကျ လာသဖြင့် ကျေးဇူးတင်ရှိကြောင်း နှင့်   ကျန်းမာရေးဆိုင်ရာကဏ္ဍ များ၌      လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။


ထောက်ပံ့ပေးအပ်


ထို့နောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်း စဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများကို     ဆန်၊ ကြက်သွန်နီ၊ ကုလားပဲ၊ ဆား၊ ကြက်ဥတို့ကို ထောက်ပံ့ပေးအပ် ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူပြီး     ဝန်ထမ်းများ ကိုယ်စား  ကျန်းမာရေးဝန်ထမ်း တစ်ဦးက    ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ မြို့မစာသင်တိုက် ပဓာန နာယက  ဆရာတော်၊   နိုင်ငံတော်ဩဝါဒါ စရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု   ဘဒ္ဒန္တဂန္ဓမာအား သွားရောက် ဖူးမြော်ပြီး ဆန်၊ ဆီ၊ ကုလားပဲ၊ ဆားနှင့် နဝကမ္မအလှူ ငွေများ  ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ    အမျှပေးဝေခဲ့ကြောင်း သိရသည်။ 


 တိုင်းဒေသကြီး (ပြန်/ဆက်)