
ရန်ကုန် ဇူလိုင် ၂၉
လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့် သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများ၊ ကျန်းမာရေးဌာနများ နှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်း လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ် ဆေး ဆေးသိုလှောင်အအေးခန်း တွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များနှင့် ဆေးထိုးအပ်များကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်သို့ ပို့ဆောင်ပေးသည်။
ထိုသို့ ပို့ဆောင်ပေးရာတွင် တနင်္သာရီ တိုင်းဒေသကြီးရှိ ထားဝယ်မြို့သို့ ကိုဗစ်ကာကွယ် ဆေး ပုံးအကြီး တစ်ပုံး၊ ဆေးလုံး အရေအတွက် ၈၈၀၀၊ ဆေးထိုး အပ် ခြောက်ဖာ၊ အပ်အရေ အတွက် ၁၇၆၀၀၊ မြိတ်မြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး တစ်ပုံး၊ ဆေးလုံးအရေ အတွက် ၈၈၀၀၊ ဆေးထိုးအပ် ခြောက်ဖာ၊ အပ်အရေအတွက် ၁၇၆၀၀၊ ကော့သောင်းမြို့သို့ ကိုဗစ် ကာကွယ်ဆေး ဖော့ပုံး ကိုးပုံး၊ ဆေးအလုံးအရေအတွက် ၃၅၀၀၊ ဆေးထိုးအပ် သုံးဖာ၊ အပ် အရေအတွက် ၇၀၀၀ နှင့် ရှမ်း ပြည်နယ်အတွင်းရှိ ဟဲဟိုးမြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး သုံးပုံး၊ ဆေးလုံး အရေအတွက် ၂၆၄၀၀၊ ဆေးထိုးအပ် ၁၇ ဖာ၊ အပ်အရေအတွက် ၅၂၈၀၀၊ ကျိုင်းတုံမြို့သို့ ကိုဗစ်ကာကွယ် ဆေး ပုံးအကြီး တစ်ပုံး၊ ဆေးလုံး အရေအတွက် ၈၈၀၀၊ ဆေးထိုး အပ် ခြောက်ဖာ၊ အပ်အရေအတွက် ၁၇၆၀၀၊ လားရှိုးမြို့သို့ ကိုဗစ် ကာကွယ်ဆေး ပုံးအကြီး တစ်ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀၊ ဆေးထိုးအပ် ခြောက်ဖာ၊ အပ် အရေအတွက် ၁၇၆၀၀ ခု တို့ကို ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြကြောင်းနှင့် ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်