ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအတုအပများနှင့် ပတ်သက်၍ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်

 

၁။    ကျန်းမာရေးဝန်ကြီးဌာနသည်      အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး   ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ     အကျိုး သက်ရောက်မှုရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် နှင့် ဆေးဝါးများ စနစ်တကျ မှတ်ပုံတင်ထားရှိရန်တို့နှင့် ပတ်သက် ၍ အမျိုးသားဆေးဝါးဥပဒေပါ   လုပ်ပိုင်ခွင့်များကို  ကျင့်သုံး၍ အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုအား သိရှိစေရန် အချက်အလက် များကို ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။ 

 


၂။    လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားနေသဖြင့် နိုင်ငံတော်အစီအစဉ်ဖြင့်   ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေးများ ဝယ်ယူခြင်း၊ လှူဒါန်းမှုများမှရရှိသော ကာကွယ် ဆေးများအား ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိသည့် နည်းတူ ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာနှင့် အာရှ ဒေသတွင် ထိုးနှံဆောင်ရွက်နေသော အရည်အသွေးအာနိသင်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို မိမိတို့အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံ ပေးခြင်း ဆောင်ရွက်လိုပါက လိုက်နာရမည့်အချက်များအား လည်း ကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတုအပများကို Online မှတစ်ဆင့်သော် လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်သော်လည်း ကောင်း ရောင်းချလျက်ရှိကြောင်းကို ပြည်သူလူထုထံသို့ အသိပေး ချက်ကိုလည်းကောင်း (၁၂-၈-၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ပါသည်။

 


၃။    ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Medical Product Alert No.5/2021 : Falsified COVISHIELD Vaccine ဖြင့် ကာကွယ်ဆေးအတု အပများ အရှေ့တောင်အာရှနိုင်ငံများ၊ အိန္ဒိယနိုင်ငံနှင့် အာဖရိကတိုက် နိုင်ငံများတွင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း (၁၆-၈-၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်၍ မြန်မာနိုင်ငံသို့လည်း အသိပေးအကြောင်း ကြားခဲ့ပါသည်။ 

 


၄။    အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးအတုအပများနှင့် ပတ်သက် ၍-
    (က)    ကာကွယ်ဆေးပုလင်း(၁)လုံးလျှင် (၁၀)ကြိမ်စာ ထိုးနှံ နိုင်သည့် 5ml ပါဝင်သောပုလင်း
    (    ခ    )        ကာကွယ်ဆေးပုလင်း(၁)လုံးလျှင် (၄) ကြိမ်စာ  ပါဝင် သော 2ml ပုလင်းများကို COVISHIELD အမှတ်တံဆိပ် ဖြင့် အတုအပပြုလုပ်ရောင်းချလျက်ရှိကြောင်း ဖော်ပြ ထားပါသည်။ 

 


၅။    သို့ဖြစ်ပါ၍ ပုဂ္ဂလိကဆေးခန်းများ၊ ဆေးရုံကြီးများနှင့် ပြည်သူ လူထုအနေဖြင့်   သိရှိနိုင်ပါရန်နှင့်   ကာကွယ်ဆေးအတုများအား တင်သွင်းဖြန့်ဖြူးရောင်းချကြောင်း စုံစမ်းဖော်ထုတ်ရရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ  ထိရောက်ပြင်းထန်စွာ  အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
            

ကျန်းမာရေးဝန်ကြီးဌာန