ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေး

ဗန်းမော် ဒီဇင်ဘာ ၁၂


ကချင်ပြည်နယ်  ဗန်းမော်မြို့၌ ဈေးများ  အဆင့်မြှင့်တင်ဆောင် ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက် ရေးတို့အတွက် ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိ သူများသည်       ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ပြည်နယ်  ဝန်ကြီးချုပ်သည် ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ အမှတ် (၈၈) ခြေမြန် တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူး ချုပ်  မင်းမင်းကို၊ ခရိုင်၊  မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာန       ဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အတူ ဗန်းမော်မြို့ သီရိရတနာ (အမှတ်-၁) နှင့် အမှတ် (၂) တို့ တွင် ဈေး‌ရောင်း၊ ဈေးဝယ် ပြည်သူ များအား      နှာခေါင်းစည်းများ ဖြန့်ဝေခဲ့ကြပြီး နှာခေါင်းစည်း များ  စနစ်တကျတပ်ဆင်ရောင်း ဝယ်မှုပြုကြရေး အသိပညာပေး ကြကာ ဈေးများအဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုမှတစ်ဆင့်    ဗန်းမော်မြို့ မြို့တော်ခန်းမ၌     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး နေမှု အခြေအနေကို ကြည့်ရှုအား ပေးခဲ့ကြပြီး   ‌ငွေကျပ်  နှစ်သိန်းကို ထောက်ပံ့ပေးအပ်ကာ  နှာခေါင်း စည်းများကို       ဖြန့်ဝေပေးအပ်ခဲ့ ကြသည်။


သံကူကွန်ကရစ်တံတား တည်ဆောက်


ယင်းနောက် သာစည်ရပ်ကွက် အတွင်း ၁၃ ဧကကျော်ရှိသည့် ဂေါ်ရာကန်အား ကြည့်ရှုစစ်ဆေး ပြီး သန့်ရှင်းသာယာလှပစေပြီး အများပြည်သူအပန်းဖြေသည့် နေရာတစ်ခုဖြစ်လာရေး     စီမံ ဆောင်ရွက်ရာတွင် ကန်၏အစိတ် အပိုင်းတစ်ခုချင်းစီအလိုက် အဆင့် မြှင့်တင်သွားရန်   တာဝန်ရှိသူ များအား  မှာကြားခဲ့ပြီး ပင်စင် ကုန်းလမ်းပေါ်ရှိ ခိုင်ခံ့မှုမရှိတော့ သည့် ပေ ၁၃၀ အရှည် သစ်သား တံတားအခြေအနေအား ကြည့်ရှု စစ်ဆေးပြီး လမ်းတိုးချဲ့၍ သံကူ ကွန်ကရစ်တံတား တည်ဆောက် ပေးနိုင်ရေး ရပ်မိရပ်ဖများနှင့် ဌာန ဆိုင်ရာများအကြား     ညှိနှိုင်း      ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ဗန်းမော်မြို့ ပြည်သူ့ ဆေးရုံဝင်းအတွင်း  အောက်ဆီဂျင် စက်ရုံမြေနေရာကို    ကြည့်ရှု စစ်ဆေးပြီး ဖိုးဒေဝကျေးရွာအတွင်း သုညသုခ ပရဟိတလူငယ်များ အား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ ထိုမှတစ်ဆင့် ဒေါ်မြစိန်မိသားစု ဥစားကြက်မွေးမြူရေးခြံ၌ ကြက် များမွေးမြူထားရှိမှုအခြေအနေကို လှည့်လည်     ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။


ပြည်နယ် 
(ပြန်/ဆက်)