ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကြည့်ရှုအားပေး

ပဲခူး   ဇူလိုင်    ၂၉

 


ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အတွင်း  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေး နေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ သည်။

 


ကြည့်ရှုအားပေး

 


ရှေးဦးစွာ    ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအခြေအနေ၊    ပဲခူးမြို့    မြို့တော်ခန်းမ၌ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဟံသာဝတီရပ်ကွက်အတွင်းရှိ   အသက် ၆၅ နှစ်နှင့် အထက် အဘိုး အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေ၊ ပဲခူးမြို့ ဒေသန္တရကျန်းမာရေးဆေးခန်း၌ ပညာရေးဝန်ထမ်း များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် အဘိုး အဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးသည်။

 


ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကာကွယ်ဆေးထိုးနှံရာတွင် အဘိုး အဘွားများ၏ ကျန်းမာရေးကို တစ်ပါတည်း စစ်ဆေး ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ စာရင်းရေးသွင်းရာ တွင်    မှန်ကန်မြန်ဆန်စေရန်၊   ကာကွယ်ဆေး လာရောက်ထိုးနှံသူများအတွက်    လိုအပ်လာပါက နှာခေါင်းစည်း၊ မျက်နှာအကာ စသည့် ကျန်းမာရေး အကာအကွယ်ပစ္စည်းများ အခမဲ့ဖြန့်ဝေပေးရန်၊ လူစု လူဝေးမဖြစ်စေရေး အထူးအလေးထား ဆောင်ရွက် ရန်၊ သက်ကြီးရွယ်အို အဘိုး အဘွားများအား ကာကွယ် ဆေး ထိုးနှံပေးခြင်းသည် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းဖြစ်ပြီး ကုသိုလ်ရသောလုပ်ငန်းတစ်ခုဖြစ်၍ စေတနာထား လုပ်ဆောင်ပေးရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားသည်။


ပဲခူးတိုင်းဒေသကြီးအတွင်းရှိ      မြို့နယ်    ၂၈ မြို့နယ်၌   နိုင်ငံ့ဝန်ထမ်းများ၊   အသက် ၆၅ နှစ်နှင့် အထက် အဘိုး အဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များအား သတ်မှတ်စုရပ်နေရာ များတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinopharm အား ယနေ့နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

 


  တင်စိုး(ပဲခူး)