ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ  ရုပ်ရှင်ရုံများ ပြန်လည်ပြသရေး အစည်းအဝေးပြုလုပ်


 

နေပြည်တော်   ဧပြီ     ၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ရုပ်ရှင်ရုံများ   ပြန်လည်ပြသရေး  အစည်းအဝေးကို ယနေ့နံနက်ပိုင်းက    တိုင်းဒေသကြီး  အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌  ပြုလုပ်ရာ   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးစိုးသိန်း၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်  ညွန့်ဝင်းဆွေနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့်       ရုပ်ရှင်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က အမှာစကားအသီးသီး ပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့်     ရုပ်ရှင်လုပ်ငန်းရှင်များက ရုပ်ရှင်ရုံများ   ပြန်လည်ပြသရေး  ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ 
ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်    လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်