
နေပြည်တော် ဩဂုတ် ၁၃
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လတ်တလောတွင် ကမ္ဘာ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်၏ မျိုးရိုး ဗီဇပြောင်း ရောဂါပိုးများဖြစ်သည့် BA.4 နှင့် BA.5 စသည့်ရောဂါများ ကူးစက်ဖြစ်ပွားမှုမြင့်တက်လျက် ရှိပြီး မြန်မာနိုင်ငံ၌လည်း စစ်ဆေးတွေ့ရှိနေရပြီ ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူများ အထူးသဖြင့် နယ်စပ်ဝင်ထွက်ဂိတ်များ တွင် ရောဂါကာကွယ်တားဆီးရေးအတွက် ထုတ်ပြန် ထားသည့် လုပ်ငန်းလမ်းညွှန်များအတိုင်း တိတိ ကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။ မိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိနေရကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ၌သာမက ပြည်တွင်းကူးစက်ဖြစ်ပွားမှုများကိုလည်း တွေ့ရှိ လာရသည့်အတွက် ရောဂါကာကွယ်ဆေး အကြိမ် ပြည့်ထိုးနှံပြီးစီးမှုကာလ ခြောက်လပြည့်ပြီးသူများ တွင် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို ထိုးနှံပေးခြင်း၊ အဆိုပါ Booster Dose ထိုးနှံပြီး ကာလ ခြောက်လပြည့်ပြီးသူများတွင် ထပ်မံ၍ အပို ထပ်ဆောင်းကာကွယ်ဆေး (Additional Booster Dose) ထိုးနှံခြင်းလုပ်ငန်းများအပါအဝင် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို စနစ်တကျ အရှိန်အဟုန်မြှင့်တင် အားဖြည့်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူစုလူဝေးဖြစ်ပေါ်ရာ နေရာများတွင် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာစေရေး အတွက် ပညာပေးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်း ပြုလုပ်ကြရန်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံရာတွင်လည်း အခမ်းအနားများသို့ တက်ရောက် မည့်သူများနှင့် အခြားလူစုလူဝေးရှိရာနေရာများကိုဦးစားပေးထိုးနှံရန်ဖြစ်ကြောင်း။ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာ တွင် လိုအပ်သည့် ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ အထူးသဖြင့် ကာကွယ်ဆေး၊ ကုသဆေး များ၊ ဆေးပစ္စည်းကိရိယာများကို ဝယ်ယူဖြည့်တင်း ထားရှိပြီးဖြစ်၍ အဆိုပါပစ္စည်းများ လေလွင့်မှုနှင့် ပြတ်လပ်မှုမရှိစေရေးအတွက် လက်ကျန်နှင့် ထပ်မံ လိုအပ်မည့် စာရင်းအချက်အလက်များကို စနစ်တကျ ကောက်ယူ၍ တိတိကျကျ အချိန်နှင့်တစ်ပြေးညီ စိစစ်တင်ပြပေးရန်ဖြစ်ကြောင်း၊ လိုအပ်သည့်ဖြည့်ဆည်းဆောင်ရွက်မှုများကို ဗဟိုအဆင့်မှ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် လိုအပ်ချက်ရှိရာဒေသများ သို့ ဆက်လက်ဖြန့် ဝေပေးရန်ဖြစ်ကြောင်း ပြောကြား သည်။နောက် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းက လတ်တလော အတည်ပြုလူနာ တွေ့ရှိ မှု အနည်းငယ်ပြန်လည်မြင့်တက်လာသည့်အတွက် ကုသရေးစင်တာများနှင့် ပြည်သူ့ဆေးရုံများ ၌ လူနာ ခုတင်၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာ မြင့်မြင့်သန်းနှင့် ဒေါက်တာ မြတ်ဝဏ္ဏစိုး ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ နေပြည် တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ က လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်