ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့်အတူ စက်မှုဇုန်များလည်ပတ်လျက်ရှိ

ရန်ကုန်   ဩဂုတ်    ၃ 


ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်ငံတော်မှ ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး  ကိုဗစ်ပထမလှိုင်းကဲ့သို့ တတိယလှိုင်းတွင်လည်း ကိုဗစ်နှင့်ယှဉ်တွဲ၍ စက်မှုလုပ်ငန်း များ လည်ပတ်လျက်ရှိရာ ရန်ကုန်မြို့ သီလဝါစက်မှုဇုန် အပါအဝင် စက်မှုဇုန်များမှ စက်ရုံအချို့ လည်ပတ်လျက် ရှိကြောင်း သိရသည်။


ကိုဗစ်ပထမလှိုင်းတွင် စက်ရုံများဆက်လက်လည်ပတ် နိုင်ရန်  ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသော  သတ်မှတ်စည်းကမ်းနှင့်အညီ     A၊ B၊ C Group များခွဲ၍ A အဆင့်နှင့် B အဆင့်ကို ဆက်လက်လည်ပတ်ခွင့်ပြုပြီး     C အဆင့်ကို  လည်ပတ်နိုင်ရန်   ပြင်ဆင်ဆောင်ရွက်ခွင့် ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါနှင့်ယှဉ်တွဲ၍ စက်မှုလုန်ငန်းများ လည်ပတ်ခဲ့သည်။     ယခုကိုဗစ်တတိယလှိုင်းတွင် ကူးစက် ဖြစ်ပွားမှု မြန်ဆန်သောကြောင့် စက်မှုဇုန်များ၌ ယာယီ ပိတ်ထားသောစက်ရုံများရှိသော်လည်း စားသောက်ကုန်၊ ပြည်တွင်းထုတ်ကုန်၊ ပြည်ပပို့ကုန်နှင့် အထည်ချုပ်လုပ်ငန်း များမှ စက်ရုံအချို့ လည်ပတ်လျက်ရှိရာ  သီလဝါအထူး စီးပွားရေးဇုန်၌   ဇူလိုင်လနောက်ဆုံးပတ်တွင်   ၄၁ ရုံ လည်ပတ်လျက်ရှိကြောင်း သိရသည်။


တည်တည်ငြိမ်ငြိမ်လည်ပတ်နိုင်


“စက်ရုံတွေကို  ကျန်းမာရေးဦးစီးဌာနက  ထုတ်ပြန် ထားတဲ့  စည်းကမ်းအတိုင်း လိုက်နာဖို့နဲ့  သံသယရှိတဲ့ အလုပ်သမားဆိုရင်    သီးသန့်ထားဆေးစစ်ပြီး ဆေးရုံနဲ့    ချိတ်ဆက်ဆောင်ရွက်ဖို့  ထုတ်ပြန်ထားတယ်။   အဓိက အလုပ်သမားတွေကို စက်ရုံမှာ မြန်မြန်ဆေးစစ်ချင်ကြ တယ်။ ဒါမှ ရောဂါသိပြီး မြန်မြန်ဆေးကုလို့ရမယ်။ စက်ရုံ တွေ   လွတ်လွတ်လပ်လပ် လည်ပတ်လို့ရမယ်။  ပြီးတော့ ကျွန်မတို့စီမံခန့်ခွဲရေးရုံးဝန်ထမ်းတွေနဲ့ စက်ရုံလုပ်သားတွေ ကာကွယ်ဆေးထိုးချင်ကြတယ်။

အများနဲ့တစ်နေရာတည်း မှာ စုဖွဲ့လုပ်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ရောဂါကာကွယ် ရေး လွှမ်းခြုံနိုင်အောင် ဆောင်ရွက်နိုင်ပြီဆိုရင်  စက်မှု လုပ်ငန်းတွေ တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်မှာပါ”ဟုသီလဝါအထူးစီးပွားရေးဇုန်  စီမံခန့်ခွဲမှုကော်မတီ  တွဲဖက် အတွင်းရေးမှူး(၂)           ဒေါက်တာသန်းသန်းသွယ်က ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံပေါင်း ၉၄ ရုံ ရှိပြီး  စက်ရုံလုပ်သားနှစ်သောင်းခန့်နှင့်    စီမံခန့်ခွဲမှုပိုင်း ဆိုင်ရာဝန်ထမ်း ၃၀၀ ခန့်ရှိ၍ ပို့ကုန်/သွင်းကုန်ကဏ္ဍနှင့် Logistic Factory များ လည်ပတ်လျက်ရှိသည်။ သီလဝါ စက်မှုဇုန်အတွင်း     ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကို ဆောင်ရွက်ရာ၌ နိုင်ငံတော်က စက်မှုလုပ်ငန်းနှင့် ဆက်စပ် သော အစုအဖွဲ့ကို တစ်ဆက်တည်း  ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိပြီး ဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့်အညီ အဆင့် ဆင့် လမ်းညွှန်မှုအတိုင်း စက်ရုံများလည်ပတ်လျက်ရှိပြီး စက်မှုဇုန်များ  ရောဂါကာကွယ်၊ ထိန်းချုပ်မှု ဆောင်ရွက် ပြီးစီးပါက မူလစံနှုန်းအတိုင်း သီလဝါအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့ရှိ စက်မှုဇုန်များ   ပြန်လည်လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ 


ညိမ်းသူ