ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

Type

ထက်လျှံ

=====

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ဇူလိုင်  ၁၆  ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။        ။ နိုင်ငံတစ်ဝန်း     ကိုဗစ်-၁၉ 
        တတိယလှိုင်း ဖြစ်ပွားနေတာ နဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ    ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့    တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးမေးခွန်းအနေနဲ့ ဇူလိုင်လ ၁၇ ရက် ကနေ ၂၅ ရက်အထိ  ရုံးပိတ်ရက်ရှည်  သတ်မှတ် ထားတာနဲ့ပတ်သက်ပြီး  Stay  at Home အဖြစ် သတ်မှတ်ထားပါတယ်။   အပြင်မှာ    Lockdown ချတယ်ဆိုပြီး ပြောကြားနေမှုတွေနဲ့ ပတ်သက်ပြီး ဆရာမအနေနဲ့ ပြောကြားပေးပါဦး။


ဒေါက်တာခင်ခင်ကြီး။      ။ လက်ရှိအခြေအနေမှာ 
                   ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုက  မြန်မာနိုင်ငံမှာ  ဖြစ်ပွားမှုတွေကများနေဆဲ ဖြစ်ပါတယ်။ သေဆုံးမှုတွေကလည်း တစ်နေ့ထက် တစ်နေ့များနေဆဲ  ဖြစ်ပါတယ်။  ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက်       နည်းလမ်းပေါင်းစုံ ဆောင်ရွက်ပါတယ်။     နည်းလမ်းပေါင်းစုံကနေပြီး လက်ရှိဖြစ်နေတဲ့   အခြေအနေကို   ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်ပါတယ်။


ဒီလိုဆောင်ရွက်တဲ့အခါမှာ   ဖြစ်ပွားမှုများတဲ့ မြို့နယ်တွေကို Stay at Home အဖြစ် သတ်မှတ်တာ ရှိပါတယ်။ လက်ရှိမှာ Stay at Home မြို့နယ် ၇၄ မြို့နယ်ရှိပါတယ်။  တစ်ဆက်တည်း  ပြောရမယ် ဆိုရင် Stay at Home သတ်မှတ်ခြင်းသည် ရောဂါ ဖြစ်ပွားမှုနှုန်းများတဲ့    မြို့တွေကိုသာ    ရွေးချယ် သတ်မှတ်ခြင်း မဟုတ်ပါဘူးဆိုတာကို သိစေချင်ပါ တယ်။ Stay at Home သတ်မှတ်ဖို့အတွက် ရောဂါ ဖြစ်ပွားမှုနှုန်းများတာက တစ်ချက်ပါဝင်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းက တောက်လျှောက်တက်နေ တယ်။ ဖြစ်ပွားသေဆုံးမှုနှုန်းကလည်း များနေတယ်။ နောက်တစ်ခုက  အဲဒီဒေသမှာရှိတဲ့  ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း     ထပ်တိုးလာတဲ့ လူဦးရေအပေါ်ကို  လုံလောက်မှုရှိဖို့က အခက်အခဲရှိ တယ်။


ဒါ့အပြင်   ပြည်သူတွေရဲ့   ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းတွေကို     လိုက်နာနိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ ပြီးရင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေ၊ ကျောင်းတွေ စသဖြင့် ဒီလိုနေရာ မှာလည်း စည်းကမ်းတွေက အဆင်ပြေပြေရှိနေရဲ့ လားဆိုတာကိုလည်း စဉ်းစားပါတယ်။ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း၊ အစိုးရဆေးရုံ၊ ကုသရေးစင်တာ တွေမှာ ကိုဗစ်-၁၉ ရောဂါထိန်းသိမ်းစောင့်ရှောက် နိုင်မှု စတာတွေကို ကြည့်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျန်းမာရေးအသိပညာပေးတာတွေ၊ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိနိုင်မှုအဆင့်ကို လျှော့ချတဲ့နေရာ မှာ ပြည်သူလူထုရဲ့ ပါဝင်ဆောင်ရွက်မှု ဒါတွေကို လည်း ကြည့်ပါတယ်။ ဒီအချက်တွေကို ကြည့်ပြီး Stay at Home သတ်မှတ်တာ ဖြစ်ပါတယ်။


Stay at Home သတ်မှတ်တဲ့ မြို့နယ်အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေဖြစ်တဲ့ လုံးဝ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ အိမ်ထဲမှာပဲနေပါ။ လိုအပ်လို့အပြင်ထွက်တာ၊   ဈေးသွားတာတို့ကို တစ်ယောက်ပဲသွားပါ။ တကယ်လို့ ဆေးရုံသွားဖို့ လိုအပ်ရင် အဖော်တစ်ယောက် ထပ်မံခေါ်သွားနိုင် တယ်။ လိုအပ်ချက်ရှိလို့ သက်ဆိုင်ရာနဲ့ချိတ်ဆက် ကာ  လိုအပ်ချက်ပေါ်  မူတည်ပြီး  သွားလာခွင့်ပြု တယ်။ သို့သော် တချို့စက်ရုံအလုပ်ရုံတွေ၊ ဈေးဆိုင် တွေ၊  ဆက်သွယ်ရေးကိစ္စရပ်တွေ၊  ဆီဆိုင်တွေ၊ လျှပ်စစ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ စသဖြင့် အခြေခံ လိုအပ်ချက်တွေမှာ လုပ်ကိုင်နေရတဲ့ ဝန်ထမ်းတွေ အနေနဲ့က  လုပ်ငန်းခွင်ကို  သွားရမှာဖြစ်ပါတယ်။ ဒါကို သိစေချင်ပါတယ်။ အခြေခံလိုအပ်ချက်တွေ အတွက်   အကုန်လုံးကို    ဖွင့်ပေးထားပါတယ်။ သို့သော် ပြည်သူလူထုအနေနဲ့ အိမ်မှာနေဖို့ ဖြစ်ပါ တယ်။ မဖြစ်မနေက အိမ်ပြင်မထွက်စေချင်ပါဘူး။


ဒီလိုပါပဲ Stay at Home မဟုတ်တဲ့ မြို့နယ် တွေမှာလည်း ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက် တွေကို  လိုက်နာဖို့လိုအပ်သလို  ဒေသန္တရအလိုက် ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာဖို့ လိုပါတယ်။   ဒီလိုမျိုး  ဆောင်ရွက်တာက   ရောဂါ ဖြစ်ပွားမှုကို   ထိန်းချုပ်ဖို့ဆောင်ရွက်ခြင်းနဲ့အတူ တစ်ပြိုင်နက်တည်းမှာပဲ လူတွေရဲ့ အခြေခံလိုအပ် ချက်တွေ  ဖြည့်ဆည်းနိုင်ဖို့အတွက်  ရည်ရွယ်တာ ဖြစ်ပါတယ်။


ဒီပိတ်ရက်တွေက ဇူလိုင် ၁၇ ရက်ကနေ ၂၅ ရက်အထိ တရားဝင်ပိတ်ရက်ရှည်အဖြစ်နဲ့ သတ်မှတ် လိုက်ပါတယ်။   ကြားမှာ   ဖွင့်ရက်  ၂  ရက်ကိုပါ ထည့်သွင်းပြီး ပိတ်ရက်အဖြစ်နဲ့ သတ်မှတ်လိုက်ပါ တယ်။   ဒီအကျိုးကျေးဇူးကို   အရယူပြီး   ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီပိတ်ရက် ၉ ရက်မှာ ဝန်ထမ်းတွေကိုပါ လုပ်ငန်းခွင်ကို မသွားခိုင်းဘူး။ မိမိအိမ်မှာပဲ နေစေ တယ်ဆိုတာကြောင့် ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေ တဲ့ ဗိုင်းရပ်စ်ရဲ့ ကူးစက်မှုစက်ဝန်းကို ဖြတ်တောက် ချင်လို့ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင်      မီးလောင်တဲ့အခါမှာ တစ်နေရာနဲ့တစ်နေရာ မီးမကူးအောင် မီးတားလမ်း တွေ ဆောင်ရွက်ရပါတယ်။ မီးလက်ရှိလောင်နေတဲ့ နေရာမှာ    နောက်ထပ်လောင်စာတွေမရှိအောင် ဆောင်ရွက်ရပါတယ်။      ဒီသဘောအတိုင်းပါပဲ ကိုဗစ်-၁၉ လက်ရှိဖြစ်ပွားမှုတွေ မြင့်တက်နေဆဲ ကာလမှာ ရောဂါဖြစ်ပွားမှုရှိနေတဲ့သူ အပြင်မထွက် တော့ဘူး။ အပြင်ကို ကူးလူးဆက်သွယ်မှုမရှိတော့ ဘူးဆိုရင် သူနဲ့ Social Contact လို့ခေါ်တဲ့ ထိတွေ့ မှုတွေက နည်းသွားမှာဖြစ်ပါတယ်။ ဒီလိုနည်းသွား တဲ့အခါမှာ ရောဂါကူးစက်မှုက တစ်ယောက်ကနေ တစ်ရာဆိုသလို  ကူးစက်မှုတွေက လျော့သွားမှာ ဖြစ်ပါတယ်။ 


လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေနဲ့ ပထမဦးဆုံး စတင်ဖြစ်ပွားစဉ်တုန်းက ဗိုင်းရပ်စ်ဟာ လူတစ်ယောက်ကနေ နှစ်ယောက်ခွဲနဲ့ နှစ်ယောက်ခွဲ ကျော်ကျော် ကူးစက်နိုင်ပါတယ်။ နောက်ပိုင်းမှာ မျိုးဗီဇတွေ  ပြောင်းလာတယ်။  ဥရောပသမဂ္ဂနိုင်ငံ တွေမှာစပြီးတွေ့ရတဲ့ မျိုးဗီဇပြောင်း ကူးစက်မှုက  သုံးယောက်အထိရှိပါတယ်။ သို့သော် ရောဂါဖြစ်ပွား မှုကို  ပိုပြီးမြန်ဆန်စေတဲ့   ဗီဇပြောင်းမျိုးကွဲတွေ ဖြစ်လာတဲ့အခါမှာ ‘အယ်လ်ဖာ’ ဆိုတဲ့ ယူကေနိုင်ငံ မှာ စတွေ့တဲ့ ဗီဇပြောင်းမျိုးကွဲရဲ့ ကူးစက်နိုင်မှုက လေးယောက်ကနေ   ငါးယောက်အထိ   ဖြစ်လာပါ တယ်။ ဒီအချိန်မှာ ‘ဒယ်လ်တာ’က ရှစ်ယောက်အထိ ကူးစက်နိုင်ပါတယ်။


ဒီလိုမျိုး တစ်ယောက်ကနေ ကူးစက်မှုများစေတဲ့ ဗီဇပြောင်းမျိုးကွဲတွေဆိုတာက ယခုလက်ရှိ ကမ္ဘာ ပေါ်မှာ    ဖြစ်ပွားမှုရဲ့  တရားခံတွေ    ဖြစ်ပါတယ်။ ဒီဗီဇပြောင်းမျိုးကွဲတွေထဲမှာမှ ‘ဒယ်လ်တာ’ ဆိုတဲ့ ဗိုင်းရပ်စ်ပိုးမျိုးက    ကမ္ဘာ့နိုင်ငံ   ၁၁၁   နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နောက်ထပ်သုံးနိုင်ငံမှာ ဖြစ်ပွားနေတာက ‘ဒယ်လ်တာ’  ဗိုင်းရပ်စ် ဟုတ်/ မဟုတ်ဆိုတာကို သုတေသနပြုနေဆဲ ဖြစ်ပါတယ်။ ဒါပါထည့်တွက်ရင် ကမ္ဘာပေါ်က ၁၁၄ နိုင်ငံလောက် ဟာ ‘ဒယ်လ်တာ’ ဆိုတဲ့ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး ကြောင့် ရောဂါဖြစ်ပွားမှုတွေ များနေတယ်။


တချို့သုတေသနပြုချက်တွေအရ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်က ပိုပြီးပြင်းထန်မှုတွေကို ခံစားရတယ် ဆိုတာ တွေ့ရှိရပါတယ်။ ဒါဆိုရင် ယူကေနိုင်ငံ အပါ အဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးတွေ ရောက်နေပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း ‘အယ်လ်ဖာ’နဲ့ ‘ဒယ်လ်တာ’ အပြင် နောက်ထပ် ‘ကပ်စ်ပါ’ ပါရောက်ရှိနေပြီလို့ သိထားတဲ့အတွက်ကြောင့် လက်ရှိဖြစ်နေတဲ့ ရောဂါ ကူးစက်မှုများစေတဲ့      လက်သည်တရားခံသည် ဗီဇပြောင်းမျိုးကွဲလို့  သတ်မှတ်ပြီး  သူ့ရဲ့ကူးစက်မှု ကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက် ခြင်းဖြစ်ပါတယ်။


ဒီပိတ်ရက် အခွင့်အရေးကို အရယူရမှာ ဖြစ်ပါ တယ်။ ဒါဆို ဒီပိတ်ရက်က Lockdown လုပ်တာ လား၊   Lockdown   လုပ်တာ   မဟုတ်ပါဘူး။ Lockdown နဲ့  Stay  at  Home က မတူပါဘူး။ Lockdown မှာဆိုရင် Transport တွေ အကုန်လုံး လေယာဉ်၊ ရထား စတဲ့  Public Transport တွေ အကုန်လုံး ပိတ်တာတွေပါပါတယ်။ သတ်မှတ်ထား တဲ့ နေရာကလွဲပြီး လုံးဝမထွက်ရတာတွေ၊ တချို့ နေရာတွေမှာဆိုရင် ညမထွက်ရအမိန့်တွေ ပါဝင်ပြီး ဆောင်ရွက်ထားတာရှိပါတယ်။ ဒါကိုချိုးဖောက်ရင် ပြစ်ဒဏ်ချမှတ်တဲ့ ကိစ္စတွေပါတယ်။ 
အခုက Stay at Home ဖြစ်ပါတယ်။ Stay at Home သည် မိမိအိမ်မှာပဲ နေထိုင်မယ်။ အပြင်ကို ကိစ္စမရှိရင်မထွက်ဘူး။      ဒီလိုလုပ်ခြင်းအားဖြင့် မိမိမှာ ရောဂါပိုးတွေရှိနေမယ်၊ ရှိနေနိုင်တယ်ဆို ရင်တောင်မှ အခြားလူကို ကူးစက်မှုတွေမဖြစ်ပေါ် စေဘဲ ဒီရောဂါပိုးရဲ့ ၂ ရက်ကနေ ၁၄ ရက်ဆိုတဲ့ အတိုင်းအတာမှာ   ကူးစက်နိုင်ဆုံးသည်  ပထမ အပတ်ဖြစ်ပါတယ်။


ဒီတစ်ပတ်၊ ကိုးရက် Stay at Home လုပ်ဆောင် ခြင်းသဘောနဲ့  ပိတ်ရက်တွေကို  ပေးလိုက်ခြင်း သည် ကူးစက်နိုင်စွမ်းနည်းပါးအောင် လုပ်လိုက်ခြင်း ဖြစ်ပါတယ်။    ဒီလိုလုပ်ခြင်းအားဖြင့်    ပိတ်ရက် ၉ ရက်ပြီးလို့ နောက်ပိုင်းမှာဆိုရင် ရောဂါကူးစက် မှုတွေ အတိုင်းအတာတစ်ခုအထိ လျော့ကျသွား မယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာပြည်သူပြည်သား တစ်ဦးတစ်ယောက်ချင်းနဲ့ ဝန်ထမ်းတွေ အကုန်လုံး ရဲ့ပူးပေါင်းကူညီမှုနဲ့ ပါဝင်ဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်။
ဘာဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ် နေရသလဲဆိုတော့ ဒါဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်ပါ တယ်။ လူသားတစ်ရပ်လုံးရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။  မိမိကိုယ်တိုင်ကစပြီး တစ်ဦး တစ်ယောက်ချင်းစီကသာ     ရောဂါပိုးမကူးစက် အောင် ကာကွယ်ခြင်းသည် ကိုယ့်ရဲ့ချစ်တဲ့ မိသားစု ဝင်တွေကို   ရောဂါမကူးစက်အောင်   ကာကွယ်ရာ ရောက်သလို မိမိပတ်ဝန်းကျင်ကိုလည်း ရောဂါပိုး ကူးစက်စေသူ၊    ရောဂါပိုးဖြန့်ဝေသူ  မဖြစ်အောင် ကာကွယ်ရာရောက်တဲ့အတွက် ဒီပိတ်ရက် ၉ ရက် ကိုတော့   ကျွန်မတို့တွေ   သေသေချာချာ   ကိုဗစ် စည်းကမ်းတွေကို   လိုက်နာပြီး   Stay  at   Home နေကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ 
Stay at Home ဖြစ်ပေမယ့် တကယ့်အခြေခံ လိုအပ်တဲ့  ဆေးဆိုင်၊  ဆေးပစ္စည်းတွေ၊ ကျန်တဲ့ လူသုံးကုန်ပစ္စည်းရောင်းဝယ်တဲ့      ကိစ္စရပ်တွေ၊ Transport    အတွက်   ဆီရောင်းဝယ်ရေးတွေ၊ လျှပ်စစ်နဲ့ဆိုင်တဲ့ကိစ္စရပ်တွေ၊   ဆက်သွယ်ရေး ကိစ္စရပ်တွေ မပါဝင်ပါဘူး။  အဓိက မေတ္တာရပ်ခံလို တာက ဒီ ၉ ရက်ကိုသာ ကျကျနန အခွင့်အရေး ယူတတ်မယ်ဆိုရင် သေချာတာကတော့ ကိုဗစ်-၁၉ ရောဂါဟာ ကျွန်မတို့ရဲ့အဝေးကို ရောက်ရှိသွားနိုင်ပါ တယ်။ ဒီအခွင့်ကောင်းကို အရယူကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။ 


အစီအစဉ်မှူး။        ။ ပြည်သူတွေအနေနဲ့ အာဟာရ 


             ပြည့်ဝစေဖို့   စားသုံးတဲ့အခါ ကြက်ဥအစား အခြားသီးနှံတွေကို စားသုံးလို့ရ တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာ ရေးဆိုင်ရာ ရှုထောင့်ကနေ ဖြေကြားပေးပါဦး။


ဒေါက်တာခင်ခင်ကြီး။      ။ ဟုတ်ပါတယ်။ ကိုဗစ်-၁၉ 


             ရောဂါဖြစ်လာပြီ။ ကမ္ဘာ ပေါ်မှာလည်း သေဆုံးမှုတွေက သိန်း ၄၀ ကျော် သေနေပြီ။ ကမ္ဘာ့လူဦးရေရဲ့ ၁၈၉ သန်းဖြစ်နေပြီဆို တော့   ပေါ့ဆလို့မရတဲ့   ရောဂါဆိုတာ  အားလုံး သဘောပေါက်ကြမှာ  ဖြစ်ပါတယ်။  ဒီနေရာမှာ မည်သူမဆို ကိုယ်ခံအားကောင်းရင် ကိုယ့်ရဲ့ချစ်လှ စွာသောမိသားစုကို   ဒီရောဂါဆိုးကြောင့်   ရောဂါ ပြင်းထန်စွာခံစားရတာတွေ မတွေ့ချင်ပါဘူး။ ဒီရောဂါ ကြောင့် သေဆုံးရတဲ့အဖြစ်မျိုးကိုလည်း ဘယ်မိသားစု ကမှ မဖြစ်စေချင်ပါဘူး။ ဒါက မိမိ မိသားစုတွေအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။ 
P စာမျက်နှာ ၁၀ မှ
အချို့သော ဝိသမလောဘသားတွေ၊ မတည် မငြိမ်ဖြစ်စေချင်တဲ့        အချို့သောသူတွေက အောက်ဆီဂျင်ကိစ္စမှာလည်း အောက်ဆီဂျင်တွေ မလိုအပ်ဘဲ    ပြည်သူလူထုတွေက     စိုးရိမ်ပြီး အောက်ဆီဂျင်တွေ မရမနေလိုက်ဝယ်တဲ့ အဖြစ်မျိုး တွေ   ဆောင်ရွက်နေသလို၊   အခြားတစ်ဖက်က လည်း  ကြက်ဥတွေကိုစားရင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်တယ်ဆိုပြီး     သတင်းအမှားတွေ လွှင့်နေပြီး အချို့တွေမှာ ကြက်ဥတွေကို လိုအပ်တာ ထက်ပိုပြီး အများကြီး လိုက်ဝယ်တာမျိုးတွေရှိပါ တယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ကြက်ဥတွေ ပြတ်လပ်သွားတာ၊ ဈေးအဆမတန်မြင့်သွားတာ တွေ့ရှိရပါတယ်။ 
WHO ကထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုများလာတဲ့အခါ အာဟာရပြည့်ဝအောင် ဘယ်လို စားသောက်ရမလဲဆိုတဲ့ Nutrition Advice ကို တင်ပြချင်ပါတယ်။ ခန္ဓာကိုယ်မှာ အာဟာရပြည့်ဝ အောင်စားတယ်။  ရေဓာတ်ကို ဖြည့်တယ်ဆိုရင် ကျွန်မတို့ခန္ဓာကိုယ်က ကျန်းမာနေမယ်။ ကိုယ်ခံ စွမ်းအားစနစ်ကလည်း ကောင်းမွန်စွာရှိနေမယ်။ အားရှိနေမယ်။  အားကောင်းနေမှာ  ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကိုလည်း ဖြစ်ပွားနိုင်တဲ့ အန္တရာယ်အနေနဲ့လည်း နည်းပါးသွား နိုင်သလို  ကူးစက်နိုင်ဖို့  အခွင့်အလမ်းနည်းသွား ပါတယ်။ ဒါဟာအရေးကြီးပါတယ်။
သန့်ရှင်းလတ်ဆတ်ပြီး ပြုပြင်ထားခြင်းမရှိတဲ့ အစားအစာတွေစားဖို့  လိုအပ်ပါတယ်။ ဒါမှသာ ဗီတာမင်စီတွေရမယ်။ Minerals တွေ ဓာတ်ပစ္စည်း တွေရမယ်။ ပြီးရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေရရှိမှာ ဖြစ်ပါတယ်။ ပရိုတင်းတွေရ မယ်။ ခန္ဓာကိုယ်အတွက် ကင်ဆာကနေ ကာကွယ် ပေးတဲ့ Antioxidants တွေရရှိမှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ်ခံစွမ်းအားစနစ်က ကောင်းစွာအလုပ် လုပ်နိုင်မှာဖြစ်ပါတယ်။ ရေကိုလည်း လုံလောက်စွာ သောက်ရမယ်။ သကြားတွေ၊ ဆီတွေ၊ ဆားတွေကို တတ်နိုင်သမျှ လျှော့စားရမှာ ဖြစ်ပါတယ်။ ဒါတွေကို လျှော့စားခြင်းဖြင့်  အဝလွန်ကဲတာ၊  နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါတွေ၊ ဆီးချိုရောဂါနဲ့ အချို့ ကင်ဆာရောဂါတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါ တယ်။ 
ဘယ်လိုအာဟာရပြည့်ဝတဲ့ အစားအစာတွေ စားရမလဲဆိုရင်  အသီးအနှံတွေစားပါ။  ဟင်းသီး ဟင်းရွက်တွေစားပါ။ ပဲတောင့်ရှည်တွေ၊ ပဲနီလေး၊ ပဲဝါလေးတွေစားပါ။ အခွံမာအသီး၊ အစေ့အဆန်တွေ စားပါ။  ဂျုံ၊  စပါးတွေစားပါ။  ပြောင်းဖူးတွေ၊ ဂျုံ၊ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေစားပါ။ ဆန်လုံးညိုစား ပါ။ အာလူးတွေ၊ ကန်စွန်းဥတွေ၊ ပီလောပီနံတွေ စားလို့ရပါတယ်။ အသားတွေ၊ ငါးတွေ စားလို့ရပါ တယ်။ ဥတွေစားလို့ရပါတယ်။ နို့လည်းသောက်လို့ ရပါတယ်။ 
ဒါဆိုရင် ကြက်ဥသည် စားသင့်တဲ့ အစားအစာ ထဲက တစ်ခုဆိုတာကို သဘောပေါက်လို့ ရပါတယ်။ ကြက်ဥတစ်မျိုးတည်းစားရုံနဲ့    ကိုဗစ်-၁၉  ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို မရပါဘူးဆို တာ  ပြောချင်ပါတယ်။  အသီးအနှံနဲ့  ဟင်းသီး ဟင်းရွက်တွေကို   ကိုယ်စားတဲ့    အစားအစာရဲ့ တစ်ဝက်လောက်စီ မျှခြေလောက်စားဖို့ လိုတယ် ဆိုတာ  ပြောချင်ပါတယ်။  သရေစာတွေစားမယ် ဆိုရင်လည်း အသင့်စားတွေကို မစားဖို့၊ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေကို   စားဖို့ပါ။   အထူး သဖြင့် သကြား၊ ဆီနဲ့ ဆားတို့ကို လျှော့စားဖို့ ဖြစ်ပါ တယ်။ အရေးကြီးတဲ့ နောက်တစ်ချက်က ဟင်းသီး ဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အကျက်လွန် အောင် မချက်ဖို့လိုပါတယ်။ အကျက်လွန်ရင် အရေး ကြီးတဲ့ ဗီတာမင်တွေဆုံးရှုံးလို့ ဖြစ်ပါတယ်။ 
နံပါတ် နှစ်အချက်က ရေများများသောက်ဖို့ပါ။ ရေကို တစ်နေ့ကို  ရေဖန်ခွက် ၈ ခွက်မှ ၁၀ ခွက် အထိ  သောက်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပမာဏအများစုက ရေနဲ့တည်ဆောက်တာ ဖြစ်ပါ တယ်။ ရေသောက်ခြင်းသည် ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အာဟာရတွေ၊ ဓာတ်တွေကို သွေးဆီကို ပို့ဆောင် ပေးတဲ့အခါမှာ    အရေးကြီးပါတယ်။    ပြီးရင် ခန္ဓာကိုယ်ရဲ့ အပူ၊ အအေးကိုလည်း ထိန်းညှိပေးပါ တယ်။ ဒါ့အပြင်  မလိုအပ်တဲ့အညစ်အကြေးတွေ စွန့်ထုတ်ရာမှာလည်း ကူညီပေးတဲ့အပြင် ခန္ဓာကိုယ် ရဲ့ အရိုးအဆစ်တွေကိုလည်း ပုံမှန်အတိုင်း လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ချောဆီအဖြစ်နဲ့ ဆောင်ရွက်ပေးပါတယ်။ 
ဒါကြောင့် ရေကို လုံလောက်အောင် သောက် သင့်ပါတယ်။  တချို့တွေက  ပြောကြပါတယ်။ အချိုရည်တွေ   သောက်လို့မရဘူးလား။   ကော်ဖီ၊ လက်ဖက်ရည်တွေ    သောက်လို့မရဘူးလားဆို တော့ရပါတယ်။ သို့သော် သိပ်ပြီးချိုလွန်းတာတွေ သောက်လို့မရပါဘူး။ ကော်ဖီ၊ လက်ဖက်ရည်တွေ ကိုလည်း အသင့်အတင့်လောက်ပဲ သောက်ဖို့ လိုပါ တယ်။ တန်ဆေးလွန်ဘေးဖြစ်တတ်ပါတယ်။ အထူး သဖြင့် ဆိုဒါတွေပါတဲ့ အချိုရည်တွေ မသောက် သင့်ပါဘူး။ လတ်ဆတ်တဲ့ အသီးအနှံ ဖျော်ရည်တွေ ကို သောက်သင့်ပါတယ်။ 
တတိယအချက်အနေနဲ့  အဆီနဲ့  ဆီတွေကို လည်း   သင့်တင့်အောင်စားရမှာ   ဖြစ်ပါတယ်။ မပြည့်ဝဆီကို  ပိုပြီးတော့စားရမှာ  ဖြစ်ပါတယ်။ မပြည့်ဝဆီက  ငါးမှာရှိပါတယ်။ အသီးအနှံဆိုရင် ထောပတ်သီးမှာရှိတယ်။ အခွံမာသီးနဲ့ သံလွင်သီး၊ ပဲပိစပ်၊ နေကြာဆီ၊ ပြောင်းဖူးဆီတွေမှာ ရှိပါတယ်။ ဒါတွေက  ခန္ဓာကိုယ်အတွက်  အကျိုးပြုပါတယ်။ စားသင့်တဲ့ ဆီတွေဖြစ်ပါတယ်။ အဖြူရောင်အသား တွေဖြစ်တဲ့  ကြက်သား၊ ဘဲသား၊ ငါးတွေကိုလည်း စားပေးသင့်ပါတယ်။ သူတို့မှာ အဆီနည်းပါတယ်။ အနီရောင်ရှိတဲ့ အသားတွေထက်စာရင် ကျန်းမာရေး အတွက်    ပိုကောင်းပါတယ်။   ပြုပြင်ထားတဲ့၊ အခြောက်ခံထားတဲ့၊ အေးခဲထားတဲ့ အသားတွေကို ရှောင်သင့်ပါတယ်။ အဆီတွေနဲ့  ဆားများတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ နို့တွေလည်း သောက်လို့ရပါ တယ်။ အဆီထုတ်တားတဲ့ နို့တွေက ပိုသင့်တော်ပါ တယ်။ သင့်တင့်တဲ့  အဆီကလည်း  ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အတွက် စားပေးရမှာဖြစ်တဲ့အတွက် သင့်တင့်သလောက် စားပေးဖို့လိုပါတယ်။ အေးခဲ ထားတဲ့ အသင့်သုံးအစားအစာတွေ၊ အေးခဲထားတဲ့ ပီဇာတွေ၊ ကွတ်ကီးတွေ၊ အသင့်စားတွေကို မစား သင့်ပါဘူး။


နံပါတ်လေးအချက်က     အစားအသောက် ပြင်ဆင်ချက်ပြုတ်တဲ့အခါ  ဆားတို့၊  သကြားတို့ကို တတ်နိုင်သလောက် လျှော့စားကြရမှာ ဖြစ်ပါတယ်။ နံပါတ်   ငါးအချက်က   အပြင်ကို   ထွက်မစားဖို့ တိုက်တွန်းထားပါတယ်။  အပြင်ကို ထွက်စားရင် ကိုယ့်အတွက် ရောဂါကူးစက်ဖို့ အခွင့်အလမ်းတွေ များပါတယ်။ အိမ်မှာပဲစားခြင်းဟာ အန္တရာယ်ကင်း ပါတယ်။ ကိုယ့်အတွက် ရောဂါပိုးဝင်နိုင်တဲ့ အခွင့် အလမ်းကို လျှော့ချပြီးသားဖြစ်သွားမယ်။ 


ဒါကြောင့် ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချ ဖို့ နိုင်ငံတော်အနေနဲ့ လမ်းညွှန်ထားတာရှိပါတယ်။ ဒီမှာလည်းဖြစ်နိုင်ရင်      ဆိုင်ထိုင်စား   မလုပ်ဖို့ လမ်းညွှန်ထားပါတယ်။ နောက်တစ်ခုက စားသောက် ဆိုင်တွေရဲ့စားပွဲတွေ၊ မျက်နှာပြင်တွေမှာလည်း ရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒီရောဂါပိုး တွေကို   လက်နဲ့ကိုင်မိမယ်။   မိမိရဲ့   မျက်နှာနဲ့ နှာခေါင်းတွေကို ကိုင်မိရင်  ကူးစက်နိုင်ပါတယ်။ နောက်ပြီး စားပြီဆိုကတည်းက ကိုယ့်ရဲ့နှာခေါင်း စည်းကိုချွတ်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါ ရောဂါပိုး ဝင်ဖို့အတွက် အခွင့်အလမ်းပေးသလို ဖြစ်သွားနိုင် ပါတယ်။  ဒါကြောင့်   မဖြစ်မနေအပြင်ထွက်ပြီး စားရမယ်ဆိုရင်တောင်မှ လက်ကိုသေချာဆေးဖို့၊ တတ်နိုင်သမျှ အိမ်မှာပဲနေဖို့အတွက် တိုက်တွန်း ထားပါတယ်။ 


နံပါတ်ခြောက်အချက်က     အခုအချိန်မှာ ကိုဗစ်-၁၉ အတွက်  အကုန်လုံးက စိုးရိမ်နေကြ တယ်။ သတင်းမှန်နဲ့သတင်းအမှားတွေကလည်း ရောယှက်နေတယ်။ ကြောက်လန့်အောင် ရည်ရွယ် ချက်ရှိရှိ   လုပ်ဆောင်တဲ့    သတင်းတွေကလည်း အများကြီးရှိပါတယ်။ တစ်ခါတလေ ပုံမှားရိုက်ပြီး သတင်းအမှန်ကို သတင်းအမှားကြားမှာညှပ်ပြီး သတင်းမှန်ယောင်ယောင် ဖော်ပြတာမျိုးတွေလည်း ရှိပါတယ်။ သတင်းတွေက ဖောင်းပွနေပြီး Infodemic လို့တောင် ပြောကြပါတယ်။


ဒီအခါမှာ   ဘယ်သတင်းက     မှန်တယ်၊ ဘယ်သတင်းက မှားတယ်ဆိုတဲ့ ဆုံးဖြတ်နိုင်စွမ်း တွေက   ကျသွားပါတယ်။ စိုးရိမ်ပူပန်တဲ့စိတ်ရှိတဲ့ အတွက်  မှန်၏၊  မမှန်၏ စဉ်းစားတာကို အဟန့် အတား ဖြစ်သွားစေပါတယ်။ ဒီလိုအခါမျိုးမှာ သူတို့ ရဲ့   စိတ်ပိုင်းဆိုင်ရာတွေကို   မိသားစုအတွင်းမှာ နှစ်သိမ့်ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ စိုးရိမ်မကြီး ဖို့အရေးကြီးပါတယ်။ အာဟာရပြည့်ဝတဲ့ အစား အသောက်တွေ စားနိုင်ဖို့လိုသလို တစ်ဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်မိသားစုအချင်းချင်း  အားပေးပါ။  နှစ်သိမ့်ပါ။ ကိုဗစ်-၁၉ ဟာ  ရောဂါဆိုးဖြစ်တယ်။  သို့သော် ဖြစ်တဲ့လူတိုင်း မသေပါဘူး။ 
ကိုဗစ်-၁၉ ဖြစ်တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းသည် မိမိမှာဖြစ်လို့    ဖြစ်မှန်းမသိ    သာမန်လက္ခဏာ လောက်ပဲ ခံစားရမယ်။ ဥပမာ-ဖျားမယ်၊ ချောင်းဆိုး ရင်ဆိုးမယ်၊ ခေါင်းကိုက်ရင် ကိုက်မယ်၊ အနံ့ပျောက် ရင်ပျောက်မယ်၊ စသဖြင့် သာမန်လက္ခဏာလောက် ပဲ ခံစားရပြီး ပျောက်ကင်းသွားပါတယ်။ ပျောက် ကင်းတဲ့ သုတေသနတွေလည်း  အများကြီးရှိပါ တယ်။ WHO က ၈၀ ရာခိုင်နှုန်းသည် မစိုးရိမ်ရဘူးလို့ ပြောထားပြီးသားဖြစ်ပါတယ်။ ဒီအထဲမှာ ကိုယ်ဟာ ပါဝင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခု ခံစားနေရပြီ ဆိုတာနဲ့ အသက်ရှူ မဝဖြစ်တယ်၊ နေလို့မကောင်း ဘူး၊ အောက်ဆီဂျင်များလိုမလား၊ တစ်ခုခုတော့ ဖြစ်နေပြီဆိုပြီး   အစားအသောက်ကို   အာဟာရ ပြည့်ဝစွာ    စားဖို့အတွက်နဲ့စာရင်    ပူပန်မှုတွေ ဖြစ်လာပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ မောလာ မှာ၊ အောက်ဆီဂျင်ကျလာတာမျိုးတွေ ဖြစ်နိုင်ပါ တယ်။ 


ဒါကြောင့်  ဖြစ်လာပြီဆိုရင် နောက်ခံရောဂါတွေ လည်းမရှိဘူး၊ အသက်ကလည်း ငယ်မယ်၊ မိမိက ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက် ထားတဲ့လူဆိုရင်   မိမိဟာ  ၈၀  ရာခိုင်နှုန်းထဲမှာ ပါဝင်နိုင်တယ်ဆိုတာ သဘောထားပြီး သောကတွေ ကို လျှော့ဖို့လိုပါတယ်။ ၁၅ ရာခိုင်နှုန်းကတော့ ရောဂါလက္ခဏာပြင်းထန်စွာ    ခံစားရနိုင်ပါတယ်။ သူတို့တွေကတော့ အောက်ဆီဂျင် လို ကောင်း လို နိုင်ပါတယ်။ ၁၅ ရာခိုင်နှုန်းလုံးလိုတယ်လို့ ဆိုလို ခြင်းမဟုတ်ပါဘူး။   ဆေးရုံတက်ရောက်ရနိုင်ပါ တယ်။ လိုအပ်တဲ့ အောက်ဆီဂျင်ပေးပြီး လိုအပ်တဲ့ ကုသမှုတွေကို ဆောင်ရွက်လိုက်မယ်ဆိုရင် သူတို့ တွေကလည်း ပြန်ကောင်းသွားနိုင်ပါတယ်။ 


ဘယ်လိုအခြေအနေတွေအပေါ် မူတည်နေ သလဲဆိုရင်    ဖြစ်တဲ့လူနာရဲ့     အသက်အရွယ်၊ နောက်ခံရောဂါတွေ ခံစားနေရတာ ရှိ၊ မရှိ၊ ဘာတွေ လဲဆိုရင်   အသက်အရွယ်ကလည်း  ၆၀  ကျော် ဖြစ်မယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ် မကောင်းတာ၊ အဆုတ်က ကောင်းကောင်းအလုပ် မလုပ်နိုင်တာ၊ သွေးနီဥတွေရဲ့ ပုံသဏ္ဌာန်ပျက်ယွင်း နေတာ၊  ကင်ဆာဝေဒနာခံစားနေရသူတွေ၊  နဂို ကတည်းက ကိုယ့်ရဲ့ကိုယ်ခံအားက ကိုယ့်ကိုတိုက် ထုတ်နေတဲ့ Auto Immune Diseases ကို ခံစား နေရသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ BMI ၄၀ အထက် ဝတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ ဒီလိုမျိုးဆို ရင်တော့ ၁၅ ရာခိုင်နှုန်းထဲ ရောက်ရှိနိုင်ပါတယ်။ အထူးသတိထားရမှာ ဖြစ်ပါတယ်။ ကိုယ်ဟာ ၁၅ ရာခိုင်နှုန်းထဲဝင်ရင်လည်း မသေနိုင်ပါဘူး။ ဒါလေး ကိုလည်း သိစေချင်ပါတယ်။ 


ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်း ကို ကြည့်လိုက်မယ်ဆိုရင် နှစ်ရာခိုင်နှုန်းရှိပါတယ်။ ပြောချင်တာကတော့  ၁၀၀ ဖြစ်ရင် နှစ်ယောက်ပဲ သေစေနိုင်တယ်ဆိုတာ          သိစေချင်ပါတယ်။ နှစ်ရာခိုင်နှုန်းထဲပါဖို့က အခွင့်အလမ်း နည်းပါတယ်။ ကိုယ်ရဲ့စိတ်ဓာတ်ကို ဒီလိုမျိုးမြှင့်တင်ရမှာ ဖြစ်ပါ တယ်။ ကိုယ့်ရဲ့စိတ်တွေကို ပြုပြင်မယ်။ လိုအပ်တဲ့ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်သောကတွေကို တတ်နိုင် သလောက်လျှော့ခြင်း   စတာတွေကို   ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင်  မိမိရဲ့ ကိုယ်ခံစွမ်းအားက တက်လာမှာဖြစ်ပါတယ်။   ကိုယ်ခံစွမ်းအားတက် လာတာနဲ့အတူ ရောဂါပိုးဝင်ရောက်နိုင်တဲ့ အခွင့် အလမ်း၊   ဝင်ရောက်ရင်တောင်မှ   ပွားများနိုင်တဲ့ အခွင့်အလမ်း၊ ပွားများထားရင်တောင်မှ ရောဂါဖြစ် ပွားနိုင်တဲ့အဆင့်အထိ ရောက်ဖို့ ခဲယဉ်းပါတယ်။ ရောဂါဖြစ်ပွားတဲ့ အဆင့်အထိ ရောက်ရင်တောင်မှ ပြင်းထန်တဲ့အဆင့်အထိရောက်ဖို့ ခဲယဉ်းပါတယ်။ 


ဒါကြောင့် ဖေ့ဘွတ်ပေါ်မှာ၊ ဆိုရှယ်မီဒီယာပေါ် မှာ ဘယ်ကမှန်းမသိ၊ ကိုယ်နဲ့မရင်းနှီး၊ မသိတဲ့ လူတွေက  ပြောတဲ့စကားတွေကို  ယုံကြည်သင့် သလား၊ မိမိကိုယ်သာ ကိုးကွယ်ရာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ရင်  WHO၊  CDC  တို့ စတဲ့ယုံကြည် စိတ်ချရတဲ့   အရင်းအမြစ်တွေ၊   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဆိုရင်လည်း ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ်မူတည်ပြီး     ပြည်သူတွေကို အသိပညာပေးတဲ့ကိစ္စတွေကို   ဆောင်ရွက်နေပါ တယ်။   www.mohs.gov.mm   မှာ   လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ကြည့်နိုင်ပါတယ်။ 


အဲဒီမှာ Scan ဖတ်ပြီး လိုအပ်တဲ့သတင်းအချက် အလက်တွေကို ကြည့်ရှုနိုင်အောင် ဆောင်ရွက်ထား တာတွေလည်း ရှိပါတယ်။ ဒါကြောင့် သတင်းအမှား တွေကိုမယုံပါနဲ့။     မိမိဉာဏ်စွမ်းနဲ့    ချင့်ချိန်ပြီး ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်ကိုသာ ယုံကြည် ပါ။ ကိုယ်ခံစွမ်းအားကို အကောင်းဆုံးတည်ဆောက် ပြီး  ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်တားဆီးကြပါစို့လို့ ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။
အစီအစဉ်မှူး။      ။ အခုလို ပြည့်ပြည့်စုံစုံဖြေကြား
            ပေးတဲ့အတွက်  ကျေးဇူးတင် ပါတယ်။