
နေပြည်တော် ဇူလိုင် ၂၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြ သော စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များ
ဖော်ထုတ်ဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက Online ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေပြင်တွင်လက်တွေ့ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်း ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များ Virtual ဖြင့် တက်ရောက်ခဲ့ကြ သည်။
ပြောကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့် လူဦးရေထူထပ်များပြားပြီး
သွားလာရေးခက်ခဲမှုများရှိပါကြောင်း၊ ပရဟိတအဖွဲ့ များအနေဖြင့် မိမိတို့အသက်အန္တရာယ်ကိုရင်းပြီး
ပြည်သူလူထုကျန်းမာရေးကို ကူညီစောင့်ရှောက်နေ ကြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဓိက အားဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်များအတွင်း မည်သို့လုပ်ဆောင်နေပြီး မည်သည့်အခက်အခဲများ ကြုံတွေ့နေကြရသည်ကို မိမိတို့အနေဖြင့် သိရှိ
မှတ်တမ်းတင်ပြီး သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြ၍ အမြန်ကူညီပံ့ပိုးမှုများ ဆောင်ရွက်သွား လိုသည့်အတွက် ပရဟိတအဖွဲ့များ၏ လက်ရှိ ဆောင်ရွက်နေမှု မြေပြင်အခြေအနေများကို သိရှိ လိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးက ပရဟိတအဖွဲ့ များသည် ပြည်သူလူထုနှင့် ထိတွေ့နေသူများ
ဖြစ်သဖြင့် မကြာမီဆောင်ရွက်မည့် ကာကွယ်ဆေး ထိုးခြင်း အစီအစဉ်များတွင်လည်း ပြည်သူလူထုမှ ပါဝင်ထိုးနှံနိုင်ရေး စည်းရုံးပေးစေလိုပါကြောင်း၊ ယုံယုံကြည်ကြည်ဖြင့် ထိုးနှံကြပါရန်နှင့် ဥစ္စာ ကံစောင့်၊ အသက်ဉာဏ်စောင့်ဆိုသကဲ့သို့ မိမိတို့ အားလုံး မတူကွဲပြားမှုများကိုခံစား၊ အလေးမထားဘဲ ကပ်ရောဂါကို အတူပူးပေါင်းကာကွယ်တုံ့ပြန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ယင်းသို့ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် ကွန်ရက် ချိတ်ဆက် ဖွဲ့စည်းဆောင်ရွက်စေလိုပါကြောင်း၊ ပရဟိတကိုယ်စားလှယ်များမှ တင်ပြသည်များကို မိမိတို့ သေချာမှတ်သားကာ အထက်သို့တင်ပြပြီး ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြား
သည်။
ထို့နောက် ပရဟိတအဖွဲ့များအလိုက် ဆွေးနွေး တင်ပြကြရာတွင် စေတနာ့ဝန်ထမ်းများ လိုအပ်မှု၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများလိုအပ်မှု၊ စေတနာ့ ဝန်ထမ်း စိစစ်ရေးကတ်များ ဆောင်ရွက်ပေးနိုင်ရေး၊ Quarantine Center များတွင် တာဝန်ထမ်းဆောင် သည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ များအတွက် နားနေရန်နေရာအခက်အခဲရှိမှု၊ ရုံးခန်း နေရာ ကွပ်ကဲရေးစင်တာ လိုအပ်မှု၊ PPE ဝတ်စုံများ၊ အစားအသောက်နှင့် စက်သုံးဆီလိုအပ်မှုများ၊ လူနာ တင်ယာဉ်များ သွားလာရေး၊ သယ်ယူရေးဆိုင်ရာ ကိစ္စများ၊ လူနာတင်ယာဉ်များတွင် အောက်ဆီဂျင် အိုးလိုအပ်မှုနှင့် ၊ Positive Center ကြီးများတွင် အောက်ဆီဂျင်အရည်ကားများ ထားရှိပေးနိုင်ရေး၊ ဆရာဝန်နှင့် သူနာပြုများလိုအပ်မှု၊ တိုင်းဒေသကြီး အတွင်း ဆောင်ရွက်လျက်ရှိသည့် ပရဟိတအဖွဲ့များ နှင့်တာဝန်ရှိသူများအကြား ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ Network ဖွဲ့စည်းဆောင်ရွက်သွား စေလိုမှုနှင့် မြေပြင်တွင် အဖွဲ့အလိုက် ဆောင်ရွက် လျက်ရှိရာတွင် ကြုံတွေ့နေရသည့် အခြေအနေ များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြ ကြသည်။
ပူးပေါင်းဆောင်ရွက်သွားစေလို
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဇူလိုင် ၂ ရက်နှင့် ၂၁ ရက်တို့တွင် ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ဆွေးနွေးခဲ့မှုများအရ ယခုတင်ပြမှုအချက်များမှာ များစွာတူညီနေသည်ကို တွေ့ရှိရပါကြောင်း၊ လိုအပ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကော်မတီများသို့ တင်ပြလမ်းညွှန်မှု ခံယူပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့်အနေဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဦးဆောင်ပြီး ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဦးဆောင်ပါကြောင်း၊ ယခုတင်ပြ ချက်များအနက် ကုသရေးဆိုင်ရာ အပိုင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Focal အဖြစ် ဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်း ပရဟိတများ၏ အသံနားထောင်ကာ လိုအပ်ချက်များ တင်ပြ ဖြည့်ဆည်းပေါင်းစပ်ပေးရေးကို မိမိတို့လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြေပြင်အခြေအနေလုံခြုံရေး၊ လိုအပ်သော ခွင့်ပြုချက်များ၊ ရိက္ခာ၊ PPE ကျန်းမာရေးကာကွယ် ပစ္စည်းများ၊ စက်သုံးဆီ၊ စိစစ်ရေးကတ်များနှင့်ပတ် သက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပရဟိတ မောင်နှမများအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်းပြောကြားသည်။
သတင်းစဉ်