
နေပြည်တော် စက်တင်ဘာ ၂၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၂၉ ရက်၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီခြောက်ခုမှ Vitamin C Tablets ၅၂၆၉ ခု၊ Rapivast Tablet ၁၉၉၁ ခု၊ Cholecalciferol Chewable Tablet ၁၁၈ ခု၊ Urixokind Tablet ၃၄ ခု၊ Cardivas Tablet ၅၀၄၀၊ Mono-trate OD Tablet ၁၉၉၅ ခု၊ Delsia Tablets ၄၀၄၆ ခု၊ Dronis Tablet ၂၉၁၂ ခု၊ Zefopenam Powder For InJ: ၅၀၄၀။
ရန်ကုန်ဆိပ်ကမ်းများ
ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Mask ၂၇၀၀၊ Oxygen Cylinder ၁၈၉၂ ခု၊ Nasal Cannula ၆၅၀၀၊ Oxygen Plant သုံးခု၊ Oxygen Regulator ၂၃၇၀၊ Oxygen Concentrator ၂၈၀ နှင့် ဆေးဝါးမျိုးစုံ ၁၁၁ မျိုး ၂၃၉၂၅၄.၁၆၇ Kg ။
နယ်စပ် (မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ) တွင် ကုမ္ပဏီ ၁၀ ခုတို့မှ Oxygen Concentrator ၁၂၁ ခု၊ Mask ၃၄၅၁.၅ Kg၊ Liquid Oxygen ၁၄၅၄၀.၂၃ m3၊ Oxygen Plant လေးခု၊ Isolation Gown ၁၀၇၅ Kg၊ Face Shield ၅၅၉ Kg၊ Goggle ၆၂၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်