ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်ခြင်းသာမက စေတနာရှင်အလှူရှင်များ၏လှူဒါန်းမှုဖြင့် ပြည်ပမှ အောက်ဆီဂျင်များကို မှာယူဖြန့်ဝေပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်  ၁၇


ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ်ချက်များ      ဖြစ်ပေါ်ခဲ့သဖြင့် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် နိုင်ငံတော် နှင့်   တပ်မတော်ပိုင်   Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတွင် တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ စေတနာရှင် အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေများဖြင့် လည်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းပေးလျက်ရှိပြီး လိုအပ်သည့်             နေရာများသို့ ပို့ဆောင်ဖြန့်ဝေပေးလျက် ရှိသည်။


ဓာတ်ငွေ့ရည် မော်တော်ယာဉ်ရောက်


ထိုသို့   တင်သွင်းဖြန့်ဝေပေး လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများအတွက် ပြည်ပ မှ  မှာယူထားသည့်   ဆေးရုံသုံး အောက်ဆီဂျင်     ဓာတ်ငွေ့ရည် တင်ဆောင်လာသည့် မက်ထရစ် တန် ၂၆ တန်ဆံ့ မော်တော်ယာဉ်  တစ်စီးသည် ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ရာ    မန္တလေးတိုင်း ဒေသကြီး      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊     အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ 
ထို့နောက် Liquid Oxygen အရည်များကို       တာဝန်ယူ သယ်ဆောင်လာသည့်  မန္တလေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြု       ရန်ပုံငွေ ရှာဖွေရေးကော်မတီ        ဥက္ကဋ္ဌက မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးထံသို့ လိုအပ်သည့် စာရွက်စာတမ်းများနှင့်    အတူ လွှဲပြောင်းပေးအပ်သည်။ 


အဆိုပါ   ရောက်ရှိလာသော Liquid Oxygen များကို ဆေးရုံ များနှင့် ကိုဗစ်ကုသရေးစင်တာ များတွင် တက်ရောက်ကုသခံနေ သော လူနာများ၊ အောက်ဆီဂျင် လိုအပ်နေသော      ပြည်သူများ အတွက် တပ်မတော်၊ ကျန်းမာရေး နှင့်     အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး    စီမံအုပ်ချုပ်ရေး ကောင်စီနှင့်     အလှူရှင်များ၏ ငွေအားလူအား အကူအညီများဖြင့်  ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်    လိုအပ်လျက်ရှိ သော ဆေးရုံများနှင့် ပြည်သူများ ထံသို့ စနစ်တကျ ဖြန့်ဖြူးလှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။    မကြာမီရက်ပိုင်းတွင် လည်း   ထပ်မံမှာယူထားသည့် Liquid Oxygen များ ဆက်လက် ရောက်ရှိလာမည်   ဖြစ်ကြောင်း သိရသည်။ 


ပို့ဆောင်ဖြန့်ဝေပေးမည်


ထို့ပြင်   ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို    ပိုမိုထိရောက် စွာ    ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့်      ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို   တင်သွင်းခွင့်ပြု ထားရာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ တင်သွင်းလာသည့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၂၇၈၅ လုံးသည် ရှမ်းပြည်နယ်     (မြောက်ပိုင်း) ချင်းရွှေဟော်မြို့ရှိ      နယ်စပ် ကုန်သွယ်ရေးစခန်းသို့     လည်း ကောင်း၊ စေတနာရှင် အလှူရှင်များ ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်ပမှ မှာယူထားသည့် အောက်ဆီဂျင် လီတာ ၆၀ ဆံ့ အလုံး ၅၀၊ လီတာ ၄၀ ဆံ့ ၇၉၈ လုံး၊ လီတာ ၂၀ ဆံ့ အလုံး ၇၀ နှင့် ၁၀ လီတာဆံ့ ၁၀၄ လုံးတို့သည် မြဝတီမြို့ရှိ နယ်စပ် ကုန်သွယ်ရေးစခန်းမှ   လည်း ကောင်း အသီးသီးရောက်ရှိလာခဲ့ ကြောင်း သိရှိရပြီး   ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေး     တိုင်းဒေသကြီးတို့သို့  ဆက်လက်ပို့ဆောင်   ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း    သတင်း ရရှိသည်။


သတင်းစဉ်