
နေပြည်တော် ဩဂုတ် ၁၁
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင် အိုးများနှင့် အလှူငွေများအား ပေးအပ်လှူဒါန်းလျက် ရှိသည်။
လက်ခံရယူ
ထိုသို့လှူဒါန်းလျက်ရှိရာ ဩဂုတ် ၁၀ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့များရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမများ၌ စေတနာရှင်၊ အလှူရှင်များက စုပေါင်းလှူဒါန်းသည့် နှာခေါင်းစည်း အခု ၆၀၀၀၊ မျက်နှာအကာအခု ၅၀၀၊ အရက်ပြန် သုံးပုံး၊ ကလိုရင်းပိုးသတ်ဆေး သုံးပုံး၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ၊ တန့်ယန်းမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ လီတာ ၄၀ အောက်ဆီဂျင် အိုး ငါးလုံး၊ Oxygen Regulator ငါးလုံး၊ ခွဲစိတ် ခန်းသုံးဝတ်စုံ ၅၀၊ နှာခေါင်းစည်း အခု ၂၅၀၀၊ စားသောက်ဖွယ်ရာများ၊ နမ္မတူမြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ လီတာ ၄၀ အောက်ဆီဂျင်အိုး အလုံး ၂၀၊ Test Kit အစုံ ၁၀၀၊ နှာခေါင်းစည်း အခု ၂၅၀၀ နှင့် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ Oxygen Concentrator နှစ်လုံးတို့ကိုလည်းကောင်း၊ မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ မိသားစုများက စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ငါးသိန်းကိုလည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့ ငွေကျပ် ၃၂၃၂ သိန်းကျော် တန်ဖိုးရှိ Oxygen Concentrator အလုံး ၃၀၊ အောက်ဆီဂျင်အိုး ၁၂၅၀၊ Medical Regulator ၁၂၅၀ နှင့် ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် အရေးပေါ် ကုသဆေးများ ဝယ်ယူရန်အတွက် ငွေကျပ် ၃၄၁၄၅၀၀၀ ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက အသီးသီးပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်