ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်  စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလာရောက်လှူဒါန်း

 

 

နေပြည်တော်   စက်တင်ဘာ    ၇    


ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် တပ်မတော်သား များနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်  အထောက်  အကူပြုစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံများနှင့်   တိုက်နယ်ဆေးရုံ များအတွက်   Oxygen Concentrators ၇၆ လုံး၊ စေတနာရှင်အလှူရှင်များဖြစ်သည့်      Global technology Co.,Ltd. က ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ Fully Internet Provided Emetgency Respond Network     တပ်ဆင်လှူဒါန်းခြင်း၊    SICHUAN   PROVINCE   FOUNDATION   FOR POVERTY ALLEVIATION က   ငွေကျပ်သိန်း ၂၆၉ သိန်းကျော်တန်ဖိုးရှိ Surgical Mask ၁၀၀၀၀၀ နှင့်  PPE ဝတ်စုံ ၅၀၀ ၊ HIGHLAND Road Construction Co.,Ltd. က ငွေကျပ်သိန်း ၁၀၀၊    Great Caiso Co.,Ltd. က  မန်နေးဂျင်းဒါရိုက်တာက    ငွေကျပ်သိန်း ၁၀၀၊ ဦးစိုးတင့် Chairman Ways Automotive Co.,Ltd.က ငွေကျပ် ၈၅ သိန်းတန်ဖိုးရှိ O2 Cylinder ငါးလုံး၊ ဗိုလ်မှူးချုပ် ထွန်းသန်း  (အငြိမ်းစား) နှင့်    ဇနီး ဒေါ်ခင်ဆွေသန်း မိသားစုက  ငွေကျပ်သိန်း ၃၀၊ ဦးအောင်ဇော်မြတ်Director Shwe Hinthar Co.,Ltd. က ငွေကျပ် ၁၁၁၁၁၀၀၊   ဦးတင်ဝင်း Chairman Asia Myanmar Auto Mobile Group Services Co.,Ltd. က ငွေကျပ် ၁၀ သိန်း၊   ဒေါ်ခင်မြင့်ကြည်၊ ဒေါ်ခင်ဆန်းမြင့်၊ ဒေါ်ခင်အေးအေးတို့က ငွေကျပ် ၁၀ သိန်းနှင့်   သုဓမ္မမဏိဇောတဓရ  ဦးစိုးမိုးအောင်  MYANMAR FOOD PAK Co.,Ltd.၊  ရွှေပိတောက် ငါးဈေး- Jetty က   ငွေကျပ် ၄၈၀၀၀၀ တန်ဖိုးရှိ Surgical Mask ၂၀၀၀၀ တို့ကို     တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌  အသီးသီးလာရောက်လှူဒါန်း ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊  ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လက်ခံယူခဲ့ကြပြီး       ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားများ  ပြောကြားကြောင်း  သတင်း ရရှိသည်။                သတင်းစဉ်