
နေပြည်တော် ဩဂုတ် ၁၄
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင် အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက် ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်း သာယာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အဆိုပါမြို့နယ် ဓမ္မပါလကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဉာနသီရိနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ အလှူငွေကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက လည်းကောင်း၊ ငပုတောမြို့ မြို့နယ်ပြည်သူ့ ဆေးရုံနှင့် ကျုံကူးတိုက်နယ်ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀ လုံးကို နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုကိုယ်စား တာဝန်ရှိသူတစ်ဦးကလည်းကောင်း လာရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်