ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်း

 

နေပြည်တော်   စက်တင်ဘာ  ၂၄    


ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။


ထိုသို့လှူဒါန်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယနေ့တွင်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ စေတနာရှင်အလှူရှင်များက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ငွေကျပ်သိန်း ၁၂၉၇၀ ကိုလာရောက်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ကိုကိုဦးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူး တင်စကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။                                                      

သတင်းစဉ်