ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း

 

နေပြည်တော် ဇူလိုင်   ၂၈    


ကိုဗစ်- ၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးလုပ်ငန်း များတွင်   အသုံးပြုရန်အတွက် စေတနာရှင်    အလှူရှင်များက ကျန်းမာရေး  အထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို  ယနေ့ နံနက်ပိုင်းတွင်  တောင်ပိုင်းတိုင်း စစ်ဌာနချုပ်         ဧည့်ရိပ်သာ၌ ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့်    တာဝန်ရှိသူများ၊ စေတနာရှင်    အလှူရှင်များ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးက နှုတ်ခွန်း ဆက်စကား    ပြောကြားပြီး စေတနာရှင်         အလှူရှင်များ ဖြစ်ကြသည့် သောက်ရေခပ်(၂)ရေအားလျှပ်စစ်   ဓာတ်အားပေး စက်ရုံ၊ ရွှေစွမ်းအင်ကုမ္ပဏီမိသားစု၊ ရန်ကုန်တိုင်းဒေသကြီး     ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ ဦးကျော်စိုးလင်းနှင့် ဒေါ်လှလေးစိန် မိသားစုနှင့် စေတနာရှင်အလှူရှင် များက   ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်   အသုံးပြုရန် အတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၅၆၅ သိန်းတန်ဖိုးရှိ အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အလုံး ၆၀ ၊ PPE ဝတ်စုံ   ၃၀၀  ၊  ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ    ပေးအပ် လှူဒါန်းကြရာ       တိုင်းမှူးက လက်ခံရယူပြီး       ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် ကာ       ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း   သတင်းရရှိ သည်။

သတင်းစဉ်