ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်  အသုံးပြုရန် စေတနာရှင်အလှူရှင်များက လှူဒါန်း

 

 

နေပြည်တော် စက်တင်ဘာ   ၁၁


ကိုဗစ်- ၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် စေတနာ ရှင် အလှူရှင်များက ကျန်းမာရေး  အထောက်အကူပြု  ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီ ဂျင်အိုးများနှင့် အလှူငွေများအား လာရောက်       လှူဒါန်းလျက်ရှိ သည်။
ထိုသို့   လှူဒါန်းလျက်ရှိရာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အသုံးပြုရန်အတွက် ယနေ့ တွင် တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များက       တြိဂံဒေသ တိုင်းစစ်ဌာနချုပ်  မဲခေါင်ရိပ်သာ ခန်းမ၌    ငွေကျပ်   ၁၀၄   သိန်း တန်ဖိုးရှိ Oxygen  Concentrator စက်ရှစ်လုံး၊   ငွေကျပ် ၂၅   သိန်း တန်ဖိုးရှိ    Mask   အခု ၁၀၀၀၀၊ ငွေကျပ်   သိန်း  ၁၁၀   တန်ဖိုးရှိ ဆန်အိတ် ၃၀၀၊ ငွေကျပ်  ၃၄ သိန်း တန်ဖိုးရှိ ဆီပုံး   ၁၁၀  နှင့် အလှူ ငွေကျပ်သိန်း  ၂၀၀ တို့ကို   လာ ရောက်လှူဒါန်းကြရာ   တိုင်းမှူး  ဗိုလ်မှူးချုပ်    မျိုးမင်းထွန်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ    ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား    ပြောကြား ကြောင်း သိရသည်။
သတင်းစဉ်