ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် စေတနာရှင်ပြည်သူများက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်း

 

ရန်ကုန်    ဇူလိုင်    ၂၈ 


ရန်ကုန်မြို့တော်    စည်ပင်သာယာ ရေးကော်မတီ  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး ကော်မတီသို့   အလှူငွေပေးအပ်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက   ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ    မြို့တော် ခန်းမ   ပထမထပ်ရှိ   အစည်းအဝေး ခန်းမ(၄)၌ ကျင်းပသည်။

 


အလှူငွေ     ပေးအပ်ပွဲသို့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊     ဒုတိယမြို့တော်ဝန် ဦးညီညီ၊       အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊     အလှူရှင်များ တက်ရောက်ကြသည်။

 


အစီအစဉ်အရ အလှူရှင် ၄၀ က   အလှူပစ္စည်းများဖြစ်သည့် Oxygen Regulator နှစ်စုံ၊ Rapid Diagnostic Test(RDT)Kit အစုံ ၂၀၀၊  Oximeter   ၅၀၊ Mask ၁၀၀၀၀၊    ရေသန့်စက်နှစ်လုံး၊ ကာကွယ်ဆေးတစ်ပုံး၊   ငွေကျပ် ၁၀၇၄၅၀၀၀၀ ကို ပေးအပ်လှူဒါန်း ကြရာ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊     ကုသရေးလုပ်ငန်း ကော်မတီ နာယက မြို့တော်ဝန် ဦးဗိုလ်ဌေး၊      လုပ်ငန်းကော်မတီ နာယက    ဒုတိယမြို့တော်ဝန် ဦးညီညီနှင့်     လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ        အတွင်း ရေးမှူး  ဦးညွန့်ဖေတို့က အလှူ ပစ္စည်းများနှင့်  အလှူငွေများကို လက်ခံရယူကြပြီး     မြို့တော်ဝန် ဦးဗိုလ်ဌေးက   ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ      ဂုဏ်ပြု မှတ်တမ်းလွှာများ     ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

 


သတင်းစဉ်