ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့

ပုသိမ်  သြဂုတ်  ၂၁


ဧရာဝတီတိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ခြင်း အခမ်းအနားကို  ယနေ့နံနက် ၉  နာရီက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။ 


ပေးအပ်လှူဒါန်း


ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူရှင် ၃၆ ဦးမှ ငွေကျပ် ၇၇၆၅၅၀၀ဝ တန်ဖိုးရှိ အလှူငွေနှင့် ရောဂါကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးအပ် လှူဒါန်းမှုကို  လက်ခံရယူကာ အလှူရှင်များအား   ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 


ဆက်လက်၍   ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးရုံများအတွက် ထောက်ပံ့ငွေကျပ် ၁၀၂၅ သိန်း  အားပေးအပ်ရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း က   လည်းကောင်း၊    တိုင်းဒေသကြီးအတွင်းရှိ Quarantine Center ၊ ကုသရေးစင်တာ၊  ကုသရေး ဆေးရုံများ၌   တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအား စားစရိတ်နှင့် စက်သုံးဆီ အတွက် ထောက်ပံ့ငွေကျပ် ၂၁၅၅ သိန်းကို ပေးအပ်ရာ စေတနာ့ဝန်ထမ်းများကိုယ်စား      ဦးဝေယံက လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်က   တိုင်းဒေသကြီး အတွင်းရှိ Quarantine Center ၊ ကုသရေးစင်တာ၊ ကုသရေးဆေးရုံများ၌ တာဝန်ထမ်းဆောင်လျက် ရှိသည့်   စေတနာ့ဝန်ထမ်းများအတွက်  ငွေကျပ်  သိန်း ၂၁၇၀ တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ စေတနာ့ဝန်ထမ်း များကိုယ်စား ဦးချစ်ကိုကိုဝင်းက  လက်ခံရယူသည်။  


ကြည့်ရှုစစ်ဆေး


ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၅)မှ  တာဝန်ယူတည်ဆောက်နေသည့် ပုသိမ်ပြည်သူ့ဆေးရုံကြီး   ကိုးထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်၌  အဆောက်အဦအထူးအဖွဲ့(၁၅)မှ   လက်ထောက်ညွှန်ကြားရေးမှူး  ဦးသိန်းစိုးက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ် အလိုက်  ရရှိရန်ပုံငွေဖြင့် တည်ဆောက်နေမှုအခြေ အနေများ၊ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်   အစီအစဉ်များအား ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က  လိုအပ်သည်များကို       လမ်းညွှန်မှာကြားကာ အဆောက်အအုံတည်ဆောက်ပြီးစီးမှုအခြေအနေ များအား  လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း  သိရသည်။


ကိုတွတ်(ပြန်/ဆက်)