
နေပြည်တော် စက်တင်ဘာ ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း သုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ခုနစ်ခုမှ ယာဉ်စီးရေ ၁၀စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) အခု ၃၅၂၀၊ Oxygen Plant ၃၈ခု၊ အိမ်သုံး Oxygen Concentrator ၅၂ခု၊ နှာခေါင်းစည်း (Mask) ၄၂ တန် တင်သွင်းခဲ့သည်။ Oxygen Plant ၃၈ ခုမှာ ဆိပ်ကမ်းမှ ၃၇ခုနှင့် ချင်းရွှေဟော်နယ်စပ်စခန်းမှ တစ်ခု တင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ ၃၈ခု ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
နှောင့်နှေးကြန့်ကြာမှုမရှိစေရေး
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန်ဝန်ကြီး ဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း သိရသည်။
သတင်းစဉ်