ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှတင်သွင်းနိုင်ရေး ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ  ရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး       ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
ယနေ့တွင်     ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း များနှင့် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း သုံးခု တို့မှ     တင်သွင်းရာ၌   ကုမ္ပဏီ ၁၃   ခုမှ  ယာဉ်စီးရေ ၂၂ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်  နှစ်စီးဖြင့်   ၃၈  တန်၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် ၁၀ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၁၇၄၀  ၊ Oxygen Plant ခြောက်ခု၊ Oxygen Generator နှစ်ခု၊ အိမ်သုံး Oxygen Concentrator ၄၅၇ ခု၊ PPE ဝတ်စုံ ၇၆၀ ၊ လက်အိတ် ၁၂  တန်နှင့်  နှာခေါင်းစည်း (Mask) ၃၇   တန်   တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည်(Bowser)ယာဉ်နှစ်စီးမှာ မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့တို့သို့ဖြစ်ပြီး Oxygen Plant ခြောက်ခုမှာ ရန်ကုန်မြို့သို့ လေးခု၊ မြင်းမူမြို့နှင့် မန္တလေးမြို့ သို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး   ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm    တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။  
သတင်းစဉ်