
နေပြည်တော် စက်တင်ဘာ ၈
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိ သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ် မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေ ဟော်၊ လွယ်ဂျယ်၊ မြဝတီနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း ငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၅ ခုမှ ယာဉ်စီးရေ ၂၈ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးဖြင့် ၄၁ တန်၊ Oxygen Storage Container/ Tank နှစ်ခု၊ အောက်ဆီဂျင် (အိုးခွံ) ၃၅၀၆ ခု၊ Oxygen Plant တစ်ခု၊ Oxygen Generator တစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် ၁၆၀၈ ခု၊ Test Kit အခု ၇၅၀၀၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ အစုံ ၃၁၆၀၀ နှင့် နှာခေါင်းစည်း ၃၃ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့နှင့်မုံရွာမြို့သို့ တစ်စီးစီဖြစ်ပြီး Oxygen Plant တစ်ခုမှာ ရန်ကုန်မြို့သို့ဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်