ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ   ၈


နိုင်ငံတော်အတွင်း၌ ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်      အရေးတကြီး လိုအပ်လျက်ရှိသည့်      အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်  ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများပြတ်လပ် မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဆောင်ရွက်ပေးလျက်ရှိရာ ၈-၉-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊  ဆိပ်ကမ်း များနှင့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ မြဝတီနှင့် တာချီလိတ်ကုန်သွယ် ရေးစခန်းငါးခုတို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ ၁၅ ခုမှ  ယာဉ်စီးရေ   ၂၈   စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးဖြင့် ၄၁ တန်၊ Oxygen Storage Container/ Tank နှစ်ခု ၊ အောက်ဆီဂျင် (အိုးခွံ) ၃၅၀၆ ခု၊ Oxygen Plant တစ်ခု၊ Oxygen Generator တစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၆၀၈ ခု၊ Test Kit အခု ၇၅၀၀ ၊ PPE ဝတ်စုံ ၃၁၆၀၀ နှင့်  နှာခေါင်းစည်း   (Mask)  ၃၃ တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့နှင့် မုံရွာမြို့ သို့  တစ်စီးစီဖြစ်ပြီး   Oxygen   Plant   တစ်ခုမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင် ရေးအတွက်  သက်ဆိုင်ရာဌာနများနှင့်    ပူးပေါင်းဆောင်ရွက်လျက်ရှိသလို     အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက်   ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း  ဝန်ကြီးဌာန   Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။                                                    

သတင်းစဉ်