
နေပြည်တော် စက်တင်ဘာ ၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်နှင့် ထီးခီးစခန်းငါးခု တို့မှတင်သွင်းရာ၌ ကုမ္ပဏီ ၁၈ ခုမှ ယာဉ်စီးရေ ၃၂ စီးဖြင့် အောက်ဆီဂျင်(အရည်) Bow-ser ယာဉ်နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင်(အရည်) အိုးဖြင့် ၁၂ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၄၀၈၅ ခု၊ Oxygen Plant ကိုးခု၊ Oxygen Generator ငါးခု၊ အိမ်သုံး Oxygen Concentrator ၅၀၀၊ PPE ဝတ်စုံ ၈၂၇၅၀၊ လက်အိတ် ၁၀ တန်နှင့် နှာခေါင်းစည်း (Mask) ၂၆ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser)ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ပြီး Oxygen Plant ကိုးခုမှာ ရန်ကုန်မြို့သို့ လေးခု၊ မင်းဘူးမြို့ သို့ နှစ်ခု၊ မန္တလေးမြို့သို့ နှစ်ခု၊ မုဒုံမြို့သို့ တစ်ခုတို့ ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ယာဉ်စီးရေ ၁၅၃၀ ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၁၈၀၆ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၄၇၂တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၇၄ တန်၊ Storage Container ၁၉ ခု၊ အောက်ဆီဂျင် (အရည်) Distributor ကိုးခု၊ အောက်ဆီဂျင်(အိုးခွံ)ခုရေ နှစ်သိန်း၊ Oxygen Plant ၁၁၅ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် သုံးခု၊ Oxygen Generator ၃၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxy-gen Concentrator) ၉၃၃၉၅ ခု၊ Test Kit ခုရေ နှစ်သိန်း၊ PPE ဝတ်စုံအစုံရေ ကိုးသိန်း၊ လက်အိတ် ၁၃၃ တန်နှင့် နှာခေါင်းစည်း (Mask) ၂၀၇၆ တန် တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။
သြဂုတ် ၁ ရက် မှ စက်တင်ဘာ ၄ ရက်အတွင်း ပြည်ပမှ တင်သွင်း လာသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း ၈၂ စီး မှာ ရန်ကုန်မြို့သို့ ၆၆ စီး၊ မန္တလေး မြို့သို့ ငါးစီး၊ နေပြည်တော် သုံးစီး၊ မော်လမြိုင် လေးစီး၊ ပဲခူး နှစ်စီး၊ မုံရွာနှင့် သံဖြူဇရပ် တစ်စီးစီ ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း ၁၁၅ခုမှာ ရန်ကုန် မြို့သို့ ၆၂ ခု၊ မန္တလေးမြို့သို့ ၁၀ ခု၊ လားရှိုး ငါးခု၊ ပဲခူး လေးခု၊ မြစ်ကြီး နား လေးခု၊ ကျောက်ပန်းတောင်း သုံးခု၊ မော်လမြိုင် သုံးခု၊ မုံရွာ နှစ်ခု၊ မကွေး နှစ်ခု၊ ပခုက္ကူ နှစ်ခု၊ ဘားအံ နှစ်ခု၊ မင်းဘူး နှစ်ခု၊ တောင်ကြီး၊ နေပြည်တော်၊ မြစ်သား၊ မိုးကောင်း၊ မြင်းခြံ၊ ကျောက်တံခါး၊ ဝါးခယ်မ၊ သံဖြူ ဇရပ်၊ ထားဝယ်၊ ကွမ်းခြံကုန်း၊ စစ်တွေ၊ ဒေးဒရဲ၊ မြင်းမူနှင့် မုဒုံသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရှိ ရသည်။
သတင်းစဉ်