ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ  ၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-  ၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊    ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူ ရုံးပိတ် ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ  တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊   ဆိပ်ကမ်းများနှင့်  မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ၊  တာချီလိတ်နှင့်  ထီးခီးစခန်း ခြောက်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၃ ခုမှ ယာဉ်စီးရေ ၃၄ စီးဖြင့် အောက်ဆီဂျင် (အရည်)  Bowser  ယာဉ် တစ်စီးဖြင့်  ၁၉ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် သုံးတန်၊  အောက်ဆီဂျင်(အိုးခွံ) ၂၂၅၂ခု၊ Oxygen Plant တစ်ခု၊ အိမ်သုံး Oxygen Concentrator ၂၁၈ ခု၊ PPE ဝတ်စုံ ၃၁၅၀  နှင့်  နှာခေါင်းစည်း (Mask) တန် ၈၀ တင်သွင်း ခဲ့သည်။
အောက်ဆီဂျင်အရည် (Bowser)   ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant တစ်ခုမှာ လားရှိုး မြို့သို့  ဖြစ်ကြောင်းသိရှိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့်  ညှိနှိုင်းထားသည့်  SOP များနှင့်အညီ  ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့်  ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း သိရသည်။ 
သတင်းစဉ်