
နေပြည်တော် စက်တင်ဘာ ၂၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီ နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်း သုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ၁၀ စီး ဖြင့် အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင် (အိုးခွံ) ၃၄၆၀၊ Oxygen Plant တစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၀၅ ခု နှင့် နှာခေါင်းစည်း(Mask) ၄၃ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ်တစ်စီး မှာ ပဲခူးမြို့သို့ဖြစ်ပြီး Oxygen Plant တစ်ခုမှာ မူဆယ်မှ ဟားခါး မြို့သို့ တစ်ခုဖြစ်ကြောင်း သိရ သည်။
စီစဉ်ဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်သက်ဆိုင်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်