ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၅


နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ် သည့်  အောက်ဆီဂျင်အရည်၊  အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်း များကို   လေကြောင်း၊  ရေကြောင်းနှင့်  နယ်စပ် ကုန်သွယ်ရေးစခန်းများမှ   အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မူဆယ်(ဝဲပုံ)နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနှစ်ခုတို့မှ  တင်သွင်းရာ၌  ကုမ္ပဏီ လေးခုမှ ယာဉ်စီးရေ ၁၅ စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) ၃၇၉ ခု၊ Oxygen Plant  ငါးခု၊ အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) ၇၅၈ ခု၊ PPE ဝတ်စုံ ၅၀၂၇၅ ခု၊ လက်အိတ်  ၂ ဒသမ ၅ တန်နှင့် နှာခေါင်း စည်း (Mask) ၅၁ တန် တင်သွင်းခဲ့သည်။ Oxygen Plant ငါးခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

 


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်း ရာတွင်   နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်   ညှိနှိုင်းထားသည့် SOP များနှင့်အညီ   ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့်  ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။                        

သတင်းစဉ်