ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၁၄


နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ် သည့်အောက်ဆီဂျင်အရည်၊    အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့်     အခြားဆက်စပ် ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ  အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊  ဆိပ်ကမ်းများ၊  မူဆယ်၊  မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းသုံးခုတို့မှ တင်သွင်း ရာ၌ကုမ္ပဏီငါးခုမှ ယာဉ်စီးရေ ၁၂စီးဖြင့် အောက်ဆီ ဂျင်(အရည်) Bowser ယာဉ်လေးစီး  ၇၅  တန်၊ အောက်ဆီဂျင်(အိုးခွံ) အခု၁၈၀၀ ၊ Oxygen Plant ငါးခု၊  လုပ်ငန်းသုံးအောက်ဆီဂျင်စက်  (Oxygen Generator)သုံးခု၊    အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၁၅၅ ခု၊ Test Kit အခု ၅၀၀၀၊ လက်အိတ် ၃၃ တန်နှင့် နှာခေါင်းစည်း (Mask) ၃၃ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser  ယာဉ်လေးစီးမှာ   မူဆယ်မှ မန္တလေးမြို့သို့   သုံးစီးနှင့် မြဝတီမှ ရန်ကုန်မြို့သို့  တစ်စီးဖြစ်ပြီး Oxygen Plant ငါးခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်း ရာတွင် နှောင့်နှေးကြန့်ကြာမှု  မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းထားသည့် SOP များ နှင့်အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါ ကြောင်းနှင့်    ဆေးဝါးနှင့်     ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်       သက်ဆိုင်သည့်       အသိပေး                                        ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း    သိရသည်။

 


 သတင်းစဉ်