
နေပြည်တော် စက်တင်ဘာ ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်နယ်စပ်စခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ကိုးခုမှ ယာဉ်စီးရေ ရှစ်စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ဖြင့် နှစ်စီး ၃၈ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၉၄၀၊ အောက်ဆီဂျင်ထုတ်စက် တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၂၅၆ ခု၊ တစ်ကိုယ် ရေသုံးကာကွယ်ရေးဝတ်စုံ ၅၀၀၀၀၀ နှင့် နှာခေါင်း စည်း ၁၇ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser နှစ်စီးမှာ ရန်ကုန်မြို့နှင့် မန္တလေး မြို့သို့ဖြစ်ပြီး အောက်ဆီဂျင်ထုတ်စက်တစ်ခုမှာ ပဲခူး တိုင်းဒေသကြီး ကဝမြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်း ခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များ ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်