ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ   ၁၀


နိုင်ငံတော်အတွင်း၌   ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံး  အောက်ဆီဂျင်စက်နှင့်  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်      အများ ပြည်သူရုံးပိတ်ရက်များတွင် လေ ကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက် မပြတ်  တင်သွင်းနိုင်ရေးအတွက်    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ  ဆောင်ရွက်ပေး လျက်ရှိရာ   ယနေ့တွင်   ရန်ကုန် အပြည်ပြည်ဆိုင်ရာ    လေဆိပ်၊ ဆိပ်ကမ်းများနှင့်  မူဆယ်၊ ချင်း ရွှေဟော် (ဝဲပုံ)၊  မြဝတီနှင့်  တာချီ လိတ် ကုန်သွယ်ရေးစခန်း လေးခု တို့မှ   တင်သွင်းရာ၌    ကုမ္ပဏီ ခြောက်ခုမှ ယာဉ်စီးရေ အစီး ၂၀ ဖြင့်   အောက်ဆီဂျင်   (အရည်) Bowser    ယာဉ်တစ်စီးဖြင့်   ၁၉     တန်၊ အောက်ဆီဂျင်(အိုးခွံ) ၂၁၆၁ ခု၊ Oxygen Plant  ငါးခု၊Oxygen Generator   တစ်ခု၊   အိမ်သုံး Oxygen Concentrator ၁၂၁၃ ခု နှင့် နှာခေါင်းစည်း (Mask) ၁၀၈ တန်  တင်သွင်းခဲ့သည်။ အောက်ဆီ ဂျင် (အရည်)  Bowser   ယာဉ် တစ်စီးမှာ   ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant ငါးခုမှာ ရန်ကုန် မြို့သို့     သုံးခု၊     တာချီလိတ်နှင့်   မော်လမြိုင်မြို့တို့သို့   တစ်ခုစီဖြစ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ   ကာကွယ်ကုသရေး    ပစ္စည်းများ တင်သွင်းရာတွင်  လွယ်ကူမြန်ဆန် နိုင်ရေးအတွက်    သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသလို     အကူအညီလိုအပ်ပါ ကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ  တိုက်ရိုက်ဆက်သွယ်နိုင် ရေးအတွက်     ဌာနများအလိုက် ဆက်သွယ်     မေးမြန်းနိုင်သည့် တာဝန်ခံ   (Contact   Person) များကိုလည်း        ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။


သတင်းစဉ်