ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   မေ   ၂၁


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊  ပင်လယ်ရေကြောင်း နှင့်   နယ်စပ်ကုန်သွယ်ရေးစခန်း များမှ  နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်  အချိန် နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မေ  ၁ ရက်မှ ၂၁ ရက်အတွင်း  ကုမ္ပဏီ ၁၁ ခု၊  ယာဉ်စီးရေ ၁၅ စီးဖြင့် PPE ဝတ်စုံ  ၁၂၃၀၀၀ နှင့်   နှာခေါင်း စည်း (Mask)  ၉၀  ဒသမ ၇၄ တန်  တင်သွင်းကြောင်း  သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊       ကုသရေးဆိုင်ရာ ပစ္စည်းများကို   သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ  ဦးစားပေးတင်သွင်း ခွင့်ပြု     ပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်  ဆက်စပ်သည့် အသိပေး     ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့်  commerce.gov.mm    တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။           
               

သတင်းစဉ်