ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှလွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၂၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ    ပစ္စည်းများကို လေကြောင်း၊     ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက်       အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ   ယနေ့တွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ     လေဆိပ်၊ ဆိပ်ကမ်းများ၊       မြဝတီနှင့် ချင်းရွှေဟော်   နယ်စပ်ကုန်သွယ် ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ခုနစ်ခုမှ ယာဉ်စီးရေ ၁၆ စီးဖြင့်   အောက်ဆီဂျင်အရည် Bowser ယာဉ် နှစ်စီးဖြင့် ၄၃ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၁၅၇၉ ခု၊ Oxygen Plant ရှစ်ခု၊ အိမ်သုံး Oxygen Concentrator ၆၈ ခု၊ လက်အိတ် ၁၄ တန်နှင့် နှာခေါင်း စည်း (Mask) ၅၉ တန် တင်သွင်း ခဲ့သည်။ အောက်ဆီဂျင် အရည် Bowser ယာဉ် နှစ်စီးမှာ ရန်ကုန် မြို့သို့ဖြစ်ပြီး Oxygen Plant ရှစ်ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့ သို့   ခုနစ်ခုနှင့်   ချင်းရွှေဟော်မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ တစ်ခုဖြစ်ကြောင်း သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊      ကုသရေးဆိုင်ရာ ပစ္စည်းများကို   ပြည်ပမှတင်သွင်း ရာတွင်     နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေး   ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm    တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။                      

သတင်းစဉ်