ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၁၆


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ      နှောင့်နှေး ကြန့်ကြာမှုမရှိ   တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ     စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ၁၆ ရက်အတွင်း ကုမ္ပဏီ ခုနစ်ခု၊  ယာဉ်စီးရေ ၁၄ စီးဖြင့် PPE ဝတ်စုံ ၅၇၀၀ နှင့်   နှာခေါင်းစည်း (Mask) ၈၈ ဒသမ ၁၆ တန်တို့  တင်သွင်းခဲ့ကြောင်း  သိရသည်။

 


ကိုဗစ်-၁၉ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို  သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP  များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိ ကြောင်းနှင့်  ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့်    အသိပေး ကြေညာချက်များကိုလည်း  အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm   တွင်    ဝင်ရောက် ကြည့်ရှုနိုင်ရေး     စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။                    

သတင်းစဉ်