ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်   ဧပြီ   ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ    ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ  တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ်  ၁၀၅  မိုင်   ကုန်သွယ်ရေးဇုန်မှ ကုမ္ပဏီ     တစ်ခု၊   ယာဉ်စီးရေ တစ်စီးဖြင့် Oxygen Concen-trator   ၂၀  နှင့်   ချင်းရွှေဟော် ကုန်သွယ်ရေး  စခန်းမှ  ကုမ္ပဏီ နှစ်ခု၊   ယာဉ်စီးရေ    ငါးစီးဖြင့် နှာခေါင်းစည်း   Mask    (၃၉ ဒသမ   ၂)  တန်ကို    အသီးသီး တင်သွင်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ   ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များ     ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် comm-erce.gov.mm  တွင်  ဝင်ရောက် ကြည့်ရှုနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရသည်။ 
သတင်းစဉ်