ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၂၄


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊  ကုသရေးဆိုင်ရာ  ပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ    ယနေ့တွင်   အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ   ယာဉ်စီးရေလေးစီးဖြင့်  အောက်ဆီဂျင်အိုးခွံ ၃၀၀ ၊ အောက်ဆီဂျင် (Plant) နှစ်ခုနှင့် နှာခေါင်းစည်း(Mask) ၂၅ တန်တို့ကို တင်သွင်းခဲ့ပြီး    အောက်ဆီဂျင်(Plant)   နှစ်ခုမှာ   ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး   တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့်    ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့်အသိပေး ကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။                    

သတင်းစဉ်