ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇွန်   ၁၀


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်း နှင့်   နယ်စပ်ကုန်သွယ်ရေးစခန်း များမှ   နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ    စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ         ယနေ့တွင် ကန်ပိုက်တီကုန်သွယ်ရေးစခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကချင် ပြည်နယ်အစိုးရသို့  လှူဒါန်းသည့် အောက်ဆီဂျင်(အိုးခွံ) ၁၀၀၀၊ Mask ၀ ဒသမ ၅ တန်ကို  ယာဉ်စီးရေ ခြောက်စီးဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်း များကို     သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်   ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများတင်သွင်း ခြင်းနှင့်   ဆက်စပ်သည့်အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန်  ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှု နိုင်ရေး     စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  

သတင်းစဉ်